Part-11

8K 528 17
                                    

For Unicode

"မမကြီး ပြောချင်တာက"

"တို့...တို့ ဖူးကို အိုကွယ် မဖြစ်သင့်ပါဘူးလေ ဘာမှမဟုတ်တော့ပါဘူး"

"ဟုတ်ကဲ့ပါ အဲ့တာဆို ဖူးနေ့လည်စာ ယူလာပေးမယ်နော်...နေ့လည်စာမစားခဲ့ရဘူးဆိုတော့ မမကြီး ဗိုက်ဆာနေရောပေါ့"

"ဒီကိုမယူလာပါနဲ့...တို့အောက်ဆင်းစားပါ့မယ်"

"ဟုတ်ကဲ့..အာ့ဆို ဖူး ထမင်းဝိုင်းသွားပြင်ထားလိုက်မယ်နော်"

ဒေါ်ခတ္တာမေ ခေါင်းတစ်ချက်သာငြိမ့်ပြပြီး သူ့အခန်းထဲသူဝင်သွားသည်...

"ဟူးး..ဖူးသစ္စာလှိုင်နင်ဘာတွေမျှော်လင့်နေတာလဲ..မမကြီးဆီက ဘာစကားကိုမျှော်‌လင့်နေတာလဲ..မဖြစ်နိုင်တာတွေကိုမျှော်လင့်မနေစမ်းပါနဲ့ နင့်မှာ ရည်းစားရှိတယ်ဆိုတာကိုသတိရစမ်းပါဟာ" ဖူး တစ်ယောက်ခေါင်းကိုတွင်တွင်ရမ်းကာ သူ့ကိုယ်သူ စိတ်ထဲကနေသတိပြန်ပေးနေခြင်းပင်...ထို့နောက်လှေကားပေါ်က ဆင်းလာတော့ ဖူးကို ကြီးကြီးမြင့်ရယ် မဝေရယ် ပန်ပန်ရယ်ဝိုင်းကြည့်နေခြင်းကြောင့်...

"အယ် ဘာလို့ ဖူးကို ဝိုင်းကြည့်နေကြတာလဲဟင်..ဖူးမျက်နှာမှာ တစ်ခုခုပေနေလို့လား"

"မဟုတ်ပါဘူး...ဟို မမကြီးနဲ့ အခြေအနေ" ပန်ပန်မေးတဲ့မေးခွန်းကို ကျန်တဲ့နှစ်ယောက်ကပါသိချင်တယ်ဆိုတဲ့ပုံစံဖြစ်နေတာကြောင့်

"အော်...အဆင်ပြေသွားပါပြီ"

"ဘာဖြစ်ကြတာလဲဟင်"

"ကယ် ပန်ပန်ရယ် သိပ်ကိုစပ်စုပါရောလား"ကြီးကြီးမြင့်မှ စပ်စုနေသော ပန်ပန်ကိုပြောလိုက်ခြင်းပင်...ဖူးသစ္စာလှိုင်လည်းအကြောင်းစုံတော့မပြောပြချင်  ဒေါ်ခတ္တာမေက ဖူးလိုအလုပ်သမားတစ်ယောက်အတွက်နဲ့ဒီလိုလုပ်မယ်ဆိုတာကို ဘယ်သူမှမထင်ထားတာကြောင့် မလိုအပ်ပဲ ဒေါ်ခတ္တာမေအပေါ် အထင်အမြင်လွဲတာတာတွေမဖြစ်စေချင်တာကြောင့်ဖြစ်သည်။

"အ‌ဆင်ပြေသွားတဲ့အသံကြားလို့ ကြီးကြီးမြင့်စိတ်အေးရပါပြီကွယ်...မမကြီးက ‌သွေးအေးအေးနဲ့ဒေါသသိပ်ကြီးတာကွဲ့ အဲ့တာကြောင့် ဖူးကို ကြီးကြီးမြင်တို့က စိတ်ပူနေတာ"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Onde as histórias ganham vida. Descobre agora