Part-24

6K 423 27
                                    

For Unicode

တစ်ညလုံးအိပ်မပျော်တဲ့ဖူးဟာ မနက်အစောကြီးနိုးနေသည်မှာ မထူးဆန်းလှပေ...ပူလွယ်အေးလွယ်တဲ့သူဖြစ်တာကြောင့် ဆောင်းတွင်းပိုင်းရောက်ခါစမနက်ခင်းမှာ ဖူးအတွက်အလွန်ပင်အေးလှတာကြောင့် အန်တီ့ရင်ခွင်ထဲကိုပို၍တိုး‌ဝင်လိုက်တော့ အန်တီကအိပ်နေရင်းနဲ့ပင်အလိုက်သင့်လေးပြန်ဖက်ထားသည်...ညနေဆိုရင်ပင် အန်တီနဲ့ခွဲရတော့မည် အန်တီ့ကိုရက်စက်တဲ့စကားလုံးတွေနဲ့ပြောပြီးမုန်းအောင်လုပ်ရတော့မည်..ဖူးမျက်ရည်တွေပင်ကျလာသည်..အန်တီ့ရင်ခွင်ထဲကနေအမြန်ရုန်းထွက်ကာ ရေချိုးခန်းထဲမှာအသံတိတ်ငိုနေမိသည်..အိပ်မောကျနေတဲ့အန်တီကတော့ထိုအကြောင်းအရာတွေကိုသိမည်မထင်..ပြန်အိပ်လို့မရ‌တော့တာကြောင့်ဖူးမျက်နှာသစ်သွားတိုက်ကာ..အိပ်ပျော်နေတဲ့အန်တီ့ကိုအနမ်းလေးတစ်ချက်ခြွေလိုက်ရင်းအောက်ထပ်ကိုဆင်းလာလိုက်တော့သည်..။

ဒီနေ့မှဘာလို့လဲမသိဒေါ်ခတ္တာမေရဲ့အိမ်မက်တွေဟာမကောင်းလှပေ..ဘေးနားကနေတစ်ခုခုလစ်ဟာနေတဲ့ခံစားချက်ကြီးကြောင့်မျက်လုံးအသာအယာဖွင့်ကြည့်လိုက်တော့ကလေးငယ်ကိုဘေးမှာမတွေ့ရတာကြောင့်အနည်းငယ်စိတ်ပူသွားသည်..ပုံမှန်ဆို အမြဲတမ်းနောက်ကျမှနိုး‌တတ်တဲ့ကလေးငယ်က အခု ဘေးမှာမရှိဘူးတဲ့လား..မနက်ခင်းတိုင်း ကလေးငယ်ရဲ့ပါးပြင်နုနုလေးကိုနမ်းပြီးမှအိပ်ယာထတတ်တာကြောင့် အခုလိုဘေးမှာက‌လေးငယ်ရှိမနေတာကိုတကယ်ဘဝင်မကျပေ.. မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတော့ ပြည်ကျနေတဲ့ဆံပင်တွေကိုစုထုံးလိုက်ကာ အပြာနုရောင်မြန်မာဝမ်းဆက်ကိုဝတ်ဆင်ပြီး အမဲ‌ရောင်အနွေးထည်ပါးပါးလေးကိုအ‌ပေါ်ထပ်အဖြစ်ဝတ်လိုက်ပြီး အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းထဲမှာက‌လေးငယ်မရှိတာကြောင့် ထမင်းစားခန်းထဲသွားရှာကြည့်တော့‌တွေ့ပါပြီ အနွေးထည်အကြီးကြီးထဲမှာမြုပ်နေတဲ့သိပ်ချစ်ရတဲ့အကောင်ပေါက်လေးကို...

"ဘာလို့ အစောကြီးနိုးနေတာလဲကလေးငယ်...အိပ်မပျော်ဘူးလား"

"အော်အန်တီ..အိပ်မပျော်တာမဟုတ်ပါဘူး တစ်ရေးနိုးသွားပြီးတော့ အိပ်လို့မရတော့လို့"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now