Part-33

7.3K 490 11
                                    

For Unicode

"ဒီလိုကျတော့လည်း အဲ့ကလေးမလေးက ခတ္တာကိုတော်တော်ချစ်ရှာပါလား.."

"အွန်း တို့ရင်တွေလည်းကွဲလှပါပြီ မဒီရယ်..ကလေးငယ်ကိုစိတ်မနာနိုင်မမုန်းနိုင်တဲ့တို့စိတ်ကိုပဲ အများကြီးကျေးဇူးတင်မိပါတယ်"

"မမကြီးကို မြတ်တို့ကူညီပေးမယ်လေ..မြတ်တို့အားလုံးတူတူလုပ်ရင် အဲ့မူးယစ်ဆေးဝါးကိစ္စကိုဖမ်းနိုင်မှာပါ"

"ဟုတ်တယ် ခတ္တာ..တို့တွေပါကူစုံစမ်းပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် မဒီနဲ့မြတ်တို့ရယ်..ဒါနဲ့ ရှင်တို့နှစ်ယောက်ကကော ဘယ်တော့ယူတော့မှာလဲ"

"ဟဲဟဲ အဲ့တာက နောက်နှစ်ကျယူဖို့ ရာထားတယ်"

"အွန်း ကောင်းတာပေါ့..တို့တစ်ခုတော့ကြောက်နေမိတယ်သိလား..တို့လေ ကလေးငယ်ကို တို့ဘဝထဲထပ်ခေါ်လိုက်မိရင် တို့မိဘတွေကြောင့် ကလေးငယ်ကိုထိခိုက်မှာကြောက်တယ်"

"မမကြီးရဲ့မိဘတွေကြောင့်ဟုတ်လား"

ဒေါ်ခတ္တာမေပြောလိုက်တဲ့စကားကို ဒေါ်မဒီတစ်ယောက်ကတော့နားလည်ပေမဲ့ မြတ်ကတော့နားမလည်ပေ။

"ခတ္တာရယ် အဲ့တာ အယူအဆတွေမှားနေတာခတ္တာရဲ့ အခုချိန်လောက်ဆို ခတ္တာရဲ့မိဘတွေက ကောင်းရာမွန်ရာ ဘဝကိုရောက်နေလောက်ပြီလေ"

"ဟင့်အင်း..တို့ကို အဲ့နေ့က အဲ့လူကြီးကသေသေချာချာကိုပြောသွားတာ တို့မိဘတွေက ဒီအိမ်ကြီးမှာပဲ အမြဲတမ်းရှိနေမှာတဲ့..အထူးသဖြင့်အပေါ်ထပ်က တို့မိဘတွေနေခဲ့တဲ့ အခန်းမှာ အမြဲတမ်းရှိနေမှာတဲ့ သူ ကျိန်စာတိုက်ခဲ့တယ်တဲ့..ပြီးတော့ တို့ရဲ့အပေါ်ထပ်ကို တို့ကလွဲလို့ ဘယ်သူမှ တက်လို့မရဘူးတဲ့ တက်ရင်အဲ့တက်တဲ့သူကို တို့မိဘတွေက ဒုက္ခပေးမှာတဲ့..တို့ ကလေးငယ်ကိုတက်ခွင့်ပြုလိုက်တယ်..က‌လေးငယ်ထိခိုက်မှာကိုကြောက်တယ်"

ဒေါ်ခတ္တာမေတို့မိသားစုဟာ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာတဲ့မျိုးရိုးတွေဖြစ်တာကြောင့်မနာလိုတဲ့သူ‌တွေပေါများခဲ့တာလည်းအထူးအဆန်းတော့မဟုတ်ပေ။ဒါပေမဲ့ ဒေါ်ခတ္တာမေ ၅နှစ်သမီးအရွယ်မှာ မိဘနှစ်ပါးစလုံးဟာ မျက်စိအရှေ့မှာတင်အသတ်ခံလိုက်ရလေသည်။ကလေးကိုတော့ဘာမှမလုပ်သွားပေမဲ့ "မင်းမိဘနှစ်ပါးစလုံးဟာ ဒီအိမ်ကြီးမှာပဲအမြဲတမ်းရှိနေလိမ့်မယ်"ဆိုပြီးခေါင်းထဲရိုက်သွင်းခံလိုက်ရတဲ့ စကားသံတွေကြောင့် ဒေါ်ခတ္တာမေမှာ အခုချိန်ထိ ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ရင် ဆိုက်ကိုတစ်ခုလိုပင်ဖြစ်နေသည်။

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now