Part-19

7.3K 461 13
                                    

For Unicode

"ဒီနေ့ ရွှေတိဂုံ ဘုရားသွားကြမယ်နော်..ကြီးကြီးမြင့်တို့ကော မဝေတို့ ပန်ပန်တို့ပါလိုက်ခဲ့နော်"

အရင်ကလို အမြဲတမ်းမျက်နှာထားတည်နေတဲ့အမျိုးသမီးက ဒီနေ့တော့ ထူးထူးခြားခြားအသံလေးချိုကာပြုံးရိပ်သန်းရင်း ပြောနေတဲ့အတွက်ကြောင့် အကုန်လုံးက အံ့ဩနေမိသည် အကြောင်းစုံသိတဲ့ဖူးက လွဲလို့ပေါ့..

"ဟုတ်..ဟုတ်ကဲ့ပါမမကြီး.."

ထို့နောက်

"ကလေးငယ်"

"ပြောပါရှင်"

"ဟိုနားခဏသွားထိုင်ကြမယ်လေ..ကြီးကြီးမြင့်တို့က အဝတ်အစားလဲတာနဲ့ကြာအုံးမှာ‌ဆိုတော့"

"သဘောပါရှင်"

ကုက္ကိုပင်အောက်က ခုံတန်းအရှည်လေးမှာ နှစ်ယောက်သားထိုင်လိုက်ရင်း ဖူးက အန်တီ့ပခုံးပေါ်ကိုခေါင်းလေးမှီလိုက်တော့ ဖူးလက်လေးတွေကိုဆုပ်ကိုင်ထားတဲ့အန်တီ့ရဲ့လက်တစ်စုံဟာတကယ်ကိုနွေးထွေးလွန်းလှသည်...

"အန်တီ"

"အွန်းပြောလေ ကလေးငယ်"

"ဖူးသာ အန်တီ့နားမှာမရှိတော့ရင် အန်တီဘယ်လိုလုပ်မလဲဟင်"

"ကလေးငယ်ကဘာကိုဆိုလိုပြီးပြောချင်တာလည်းဆိုတာ အန်တီသေချာမသိပေမဲ့ အန်တီကလေးငယ်ကိုချစ်တဲ့အချစ်က ပိုင်ဆိုင်ခြင်းဆိုတဲ့ အချစ်နဲ့မဟူတ်ပါဘူး အဲ့လိုပြောလို့ ကလေးငယ်ကိုမပိုင်ဆိုင်ချင်ဘူးလို့ပြောရင်အန်တီလိမ်ရာကျမှာပေါ့ကွယ်ဘယ်သူမဆို ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ကြတာပဲလေ ဒါပေမဲ့ အန်တီ့ရဲ့စိတ်ဆန္ဒထက် ကလေးငယ်ရဲ့စိတ်ဆန္ဒကိုပိုဦးစားပေးတာကြောင့်အန်တီ့ရင်ခွင်ထဲမှာ ကလေးငယ်မပျော်တော့ရင်အန်တီဆွဲမထားပါဘူး အန်တီ့ ကလေးငယ်ကို အန်တီကအမြဲတမ်းတောက်ပစေချင်တာ..အဲ့လိုမဟုတ်ဘဲ ကလေးငယ်သာ ဒီလောကကြီးထဲကနေထွက်သွားမယ်ဆိုရင် အန်တီဟာ ရှင်လျက်နဲ့သေသူတစ်ယောက်အနေနဲ့တစ်သက်လုံးနေသွားရမှာ"

"ဖူးကို အဲ့လောက်တောင်ချစ်တာလား အန်တီရယ်"

"ဖူးကို ဘယ်လောက်ထိ ချစ်လဲဆိုတာကိုပြောမပြတတ်လောက်အောင်ကို အန်တီဖူးကိုချစ်ပါတယ်ကွယ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now