Part-32

7K 474 18
                                    

For Unicode

ကားပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်ကာ..မွေးရပ်မြေကြီးကိုသုံးနှစ်လောက်ထိစွန့်ခွာသွားပြီးမှ ပြန်လာတဲ့အချိန်မှာ အရာရာဟာ သိသိသာသာပြောင်းလဲနေပြီ..အဝေးမှာရှိတဲ့ချစ်ရတဲ့သူလေးရော အများကြီးပြောင်းလဲနေမလား..၂၃နှစ်ကျော်၂၄နှစ်ဆိုတဲ့အသက်အရွယ်နဲ့လိုက်အောင်ပင် ဖူးမှာပိုမိုရင့်ကျက်လာကာ လုပ်ငန်းပိုင်းတွေကိုပင်ကျွမ်းကျွမ်းကျင်ကျင်တောင်ဆောင်ရွက်နိုင်လေပြီ..အရင်ကထက်ပိုမိုရှည်လာတဲ့ဆံနွယ်လေးတွေနဲ့ ရုပ်ကအစပြောင်းလဲသွားတဲ့ဖူးမှာ အန်တီ့ကိုချစ်တဲ့စိတ်တစ်စုံကတော့မပြောင်းလဲဘဲရှိနေသေးသည်။
အန်တီရော အခုချိန်မှာ ဘယ်လို‌ပုံလေးဖြစ်နေမလဲဖူးသိချင်မိသည်။အန်တီဆို ၄၄နှစ်ထဲဝင်‌နေလောက်တော့မည်..ဖူး သေချာသိနေတာကတော့ ဖူးရဲ့ အန်တီဟာ အသက်ကြီးလာလေ ပိုမိုလှသွေးကြွယ်လာမဲ့ ဒေါင်းမျိုးမှန်းဖူးသိတာကြောင့်..ဖူး အန်တီ့ကိုသိပ်တွေ့ချင်မိပါသည်။ဖြတ်သန်းလာခဲ့ရတဲ့သုံးနှစ်ဆိုတဲ့အတောအတွင်းမှာလည်း အန်တီ့ကို မေ့ရတဲ့နေ့ဆိုတာတစ်နေ့မှ မရှိပေ..အန်တီကကော ဖူးကိုမေ့နေပြီလား မမေ့ရင်တောင် ဖူးကိုစိတ်နာနေရောပေါ့..

*****
"မြတ်‌ရေ..ဒီနေ့ တို့ ဝယ်စရာလေးတွေရှိလို့ လိုက်အုံးမလား"

"ဟို...မြတ်လိုက်တော့လိုက်ချင်ပေမဲ့"

"ကယ် အဲ့လောက်ဆို ကျမသိပြီ ရှင့် ချစ်ချစ်ကြီးနဲ့ ချိန်းထားတာ ရှိတယ်ဟုတ်"

"ဟီး ဟုတယ် မမကြီး"

"အွန်းပါ အဲ့တာဆိုလည်းတို့ တစ်ယောက်ထဲပဲသွားလိုက်တော့မယ်"

"အဆင်ပြေပါ့မလား မမကြီး"

"တို့ အသက် ၄၄ထဲဝင်‌နေပါပြီကွယ်..တို့ကလေးမဟုတ်တော့ပါဘူး"

"အာ ဟုတ်ကဲ့ပါ"

သုံးနှစ်ဆိုတဲ့အချိန်တွေရဲ့ကြားထဲမှာ ဒေါ်ခတ္တာမေဆိုတဲ့အမျိုးသမီးကြီးဟာ အချစ်ကြောင့်နဲ့ အကြိမ်ကြိမ်လဲကျခဲ့ရသည်။အခုချိန်မှာတော့အရာရာကိုပုံမှန်အတိုင်းဖြတ်ကျော်နိုင်လေပြီ..မေ့နိုင်သွားတာလားဆိုတော့မဟုတ်ပါ တစ်ခါတစ်ခါတိုက်ဆိုင်မှုတွေရှိလာရင်ကလေးငယ်ကိုသွားသွားတွေးမိနေတုန်း..စောင့်နေသေးတာလားလို့မေးရင်တော့ ခေါင်းခါရလိမ့်မည်။‌နောက်တစ်ယောက်ကိုလည်းရင်ထဲထပ်သွင်းဖို့စိတ်ကူးမရှိတော့သလို ကလေးငယ်ကိုစောင့်နေတာမျိုးလည်းမဟုတ်တော့ပါ..ကလေးငယ်ကိုစိတ်နာသွားတာမျိူးမဟုတ်ပေမဲ့ အချစ်ကိုတော့စိတ်နာသွားလေပြီ။အခုဆို နှစ်ယောက်စလုံးဟာကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပြီမို့လို့ ရှေ့ဆက်လျှောက်ရမဲ့လမ်းမှာ "ငါဘယ်လိုကောင်းမွန်စွာအသက်ရှင်နေထိုင်သွားရမလဲ"ဆိုတဲ့အတွေးကလွဲလို့တစ်ခြားအတွေးတွေလည်းမတွေးတော့ပေ။
အိမ်ထောင်ရှိသွားတဲ့ အမျိုးသမီးတစ်ယောက်ကို လွမ်းဆွတ်သတိရနေပြီး တစ်နေ့တစ်နေ့သူ့အကြောင်းတွေတွေးနေတာမျိုးကတော့မဖြစ်သင့်တော့ဘူးမလား..ဒါ့ကြောင့် တိုက်ဆိုင်မှုတွေရှိလာလို့သတိရသွားတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ‌တော့ ကလေးငယ်နဲ့ပတ်သတ်ပြီးဘာမှမတွေးတော့ပေ။

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now