Part-22

6.2K 410 12
                                    

For Unicode

"အန်တီ..ဖူး ပါးပါးဆီသွားချင်လို့"

"အွန်း သွားလေ ကလေးငယ်..အန်တီလိုက်ပို့မှာပေါ့..ဘယ်ချိန်သွားမလဲ"

"ခဏနေရင်သွားမယ်လေ"

"အွန်း ကလေးငယ်သဘောပါရှင်"

*****

"အန်တီ..ဖူးကိုလေ ညနေလောက်မှလာကြိုလို့ရမလား ဖူး ပါးပါးနဲ့ နေချင်လို့ပါ"

"အွန်းပါ...အာ့ဆို လာကြိုတော့ဆိုရင်ဖုန်းဆက်လိုက်လေနော်"

"ဟုတ်ကဲ့ အန်တီ ဂရုစိုက်သွားအုံးနော်"

"အာ တစ်နေကုန်လွမ်းနေတော့မှာပဲ..ကလေးငယ်မရှိဘဲ တစ်နေကုန်နေနိုင်အောင်အားဆေးလေးမပေးချင်ဘူးလား"ဆိုပြီးပါးလေးကိုလက်ညိုးနဲ့ထိုးပြတဲ့အန်တီကြောင့်...

"ရော့..အာဝါး မွ"

"အာ..အခုမှအားတွေရှိသွားသလိုပဲ"

"ဟွန့် ပိုကို ပိုတယ်နော်"

"ဟောရှင် မပိုရပါဘူးကွယ်"

"ဟုတ်ပါပြီရှင်..အာ့ဆို ဖူးသွားတော့မယ်နော်"

"ကောင်းပါပြီကွယ်"

ဖူးလည်းအန်တီ့ကိုနှုတ်ဆက်ကာ အိမ်ထဲဝင်လိုက်တော့ ပါးပါးတစ်ယောက်ထဲတင်မဟုတ်ပဲ ခန့်အောင်ကိုပါမြင်လိုက်တာကြောင့် အနည်းငယ်စိတ်ရှုပ်သွားလေသည်..ခုနက ခန့်အောင်ကိုသာ အန်တီမြင်လိုက်ရင်ဖူးကိုအခုလိုစိတ်ချလက်ချထားခဲ့မည်မဟုတ်ပါ...

"ဟယ် သမီးလေး.."

ပါးပါးကဖူးကိုတွေ့တော့ ပြေးဖက်လိုက်သည်..ဖူးလည်းပြန်ဖက်လိုက်ရင်း..

"ဒီနေ့ ပါးပါးဆီမှာ ဖူးတစ်ဝကြီးကိုနေပစ်မှာသိလား"

"တစ်ဝကြီး မဟုတ်ဘူး တစ်သက်လုံးပြန်နေရမှာပါနော်"

ပါးပါးပြောလိုက်တဲ့စကားကို ဖူး သဘောမကျပေ..အမှန်ဆို ဖူးပျော်ရမှာလေ ဒါပေမဲ့ဖူးမပျော်ပါ..ခန့်အောင်လည်း ရှိတာကြောင့်ဖူး အမှန်တရားကိုသာ ထုတ်ပြောဖို့ဆုံးဖြတ်လိုက်တော့သည်...

"ကိုကိုပါ ရောက်နေတာနဲ့ အတော်ပဲ ဖူး အရေးကြီးပြောစရာရှိလို့"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now