Part-4

8.2K 577 1
                                    

For Unicode

တစ်ဦးတည်းသောသမီးဖြစ်တာကြောင့်အဖေဖြစ်သူကခြေ‌မွှေးမီးမလောင်လက်မွှေးမီးမလောင်အောင်ဘာအလုပ်မှမလုပ်ခိုင်းသေးပေမဲ့ဖူးသစ္စာလှိုင်ကတော့ မိဘလုပ်စားကြီးပဲထိုင်မစားချင်တာကတစ်ကြောင်း ကိုယ်ပိုင်ဝင်ငွေလေးရအောင်ဆိုပြီး ဂိုက်ဆရာမတစ်ယောက်လုပ်ကာစာသင်နေခြင်းပင်။ဆရာမအလုပ်ကိုငယ်ငယ်ထဲကဝါသနာပါတဲ့သမီးဖြစ်သူကြောင့်အခုလိုစာသင်တာကိုတော့ဦးကောင်းသန့်ဘာမှ‌တော့မပြော..

"မနက်ဖြန်နှစ်ရက်ပိတ်တဲ့အတွက်ကြောင့်ဒါလေးတွေကျက်ထားကြနော်"

"ဟုတ်ကဲ့ပါ tr မင်္ဂလာပါ tr ကျေးဇူးတင်ပါတယ် tr..."

"အေးအေး မင်္ဂလာပါ"

"ဆရာမလေးကိုလာမကြိုသေးဘူးလား.."ဂိုက်ခေါ်သင်တဲ့အိမ်က ကလေးတစ်ယောက်ရဲ့အမေက မေးလိုက်ခြင်းပေ။

"ဟုတ်ကဲ့ ဒီနေ့ဘာလို့ နောက်ကျနေလဲမသိဘူး ခဏနေရင်တော့လာတော့မှာပါ"

"အော် ဆရာမလေးကို လိုက်ပို့ဖို့လိုရင်ပြောနော်ဆရာမလေးအားမနာပါနဲ့"

"ဟုတ်ကဲ့ရပါတယ်..ကျေးဇူးတင်ပါတယ်နော်အန်တီ"
ဖူးသစ္စာလှိုင်ဟာ သူဌေးသမီးတစ်ယောက်ဖြစ်ပေမဲ့ဂုဏ်မာန်မာနတစ်ခုမှမရှိ လူတိုင်းနဲ့လိုက်လျောညီထွေစွာပေါင်းသင်းဆက်ဆံတတ်သည်..ရုပ်လေးကလည်းချော ယဉ်လည်းယဉ်ကျေးတာကြောင့်ကလေးသေးသးလေးကအစ ဟိုးအသက်ကြီးတဲ့လူကြီးကအဆုံးချစ်ခင်ကြတာကဖူးသစ္စာလှိုင်ရဲ့ ကုသိုလ်ပင်။
ခဏနေတော့ driver ရောက်လာတာကြောင့် အိမ်ရှင်တွေကိုနှုတ်ဆက်ပြီးကားပေါ်တက်လိုက်သည်...ဖူးသစ္စာလှိုင်အတွက်ထူးဆန်းနေတာက အရင်ကအမြဲတမ်းတက်တက်ကြွကြွရှိတဲ့ driver ကြီးကဒီနေ့ကျမှထူးထူးဆန်းဆန်းမျက်နှာမကောင်းကာငြိမ်နေသည်။

"ဦးလှ...ဟို စိတ်ညစ်စရာများရှိလို့လား"

"သမီးအတွက် စိတ်ညစ်စရာရှိတယ်ဆိုရင်ပိုမှန်လိမ့်မယ်သမီးရယ်"

"သမီးအတွက်" နားမလည်တဲ့ပုံမျိုးနဲ့ကိုယ့်ကိုကိုလက်ညိုးထိုးကာမေးလာသောထိုကလေးမလေးကိုဦးလှတစ်ယောက်အကြောင်းစုံပြောပြလိုက်ကာ...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now