Part-29

6.1K 401 14
                                    

For Unicode

"သစ္စာရယ် နင့်ဆုံးဖြတ်ချက်ကြီးကမဟုတ်သေးပါဘူးဟာ..နှစ်ယောက်စလုံးမပျော်ရွှင်ရမဲ့လမ်းကို နင်ရွေးလိုက်တာပဲ..ဘာလဲ နင် ခန့်အောင်ကို မေတ္တာရှိနေသေးလို့လား"

"ဟင့်အင်း ငါခန့်အောင်အပေါ်ကိုဘာစိတ်မှမရှိတော့ဘူး...ငါ့ရဲ့နှလုံးသားမှာကော ဦးနှောက်မှာကောက အန်တီတစ်ယောက်ထဲပဲရှိတော့တာ"

"နင်သေချာစဉ်းစားကြည့်နော်..‌နင့်အန်တီက ပတ်ဝန်းကျင်ကစကားတွေကြောင့် ပြိုလဲသွားမဲ့သူလား...နင့်အန်တီအကြောင်းနင်သာအသိဆုံးဖြစ်မှာပါ"

"ဟင့်အင်း..ငါကအဲ့အကြောင်းပြချက်တစ်ခုထဲနဲ့မဟုတ်ဘူး..ပတ်ဝန်းကျင်ကစကားကိုကောငါကဂရုစိုက်မှာတဲ့လား ဒါပေမဲ့ဟာ အန်တီရဲ့စီးပွားရေးကရှိသေးတယ်လေဟာ..ငါ့ကြောင့်နဲ့ အန်တီ့ကိုဟိုးအောက်ဆုံးထိတော့ရောက်အောင်ငါလုပ်မှာမဟုတ်ဘူး..အဲ့တာကြောင့်ငါအခုလိုလက်လွှတ်လိုက်ရတာပါ..ပြီးတော့ ငါဘယ်တော့မှနောက်ပြန်လှည့်တော့မှာလည်းမဟုတ်ဘူး..လှည့်လို့လည်းမရတော့ဘူးလေ"

"ဒါကတော့ နင့်သဘောပေါ့နော်..ငါကတော့ အတ္တကြီးတာလားဘာလားတော့မပြောတတ်ပေမဲ့ ငါသာဆို‌နင့်နေရာမှာ အခုလိုနောက်ဆုတ်မှာမဟုတ်ဘူး..ငါအရဲစွန့်ကြည့်အုံးမှာသိလား..ပြီးတော့ နင့်အန်တီရဲ့စီးပွားရေးကဒီလောက်အောင်မြင်နေတာ သူနဲ့ပူးပေါင်းလုပ်ချင်နေတဲ့ company CEO တွေများအများကြီးပဲ..သူဘာပဲဖြစ်နေဖြစ်နေတူတူလက်တွဲလုပ်မယ်ဆိုတဲ့သူတွေလည်းအများကြီးပဲ...အိုခေထားပါတော့အများကြီးမတွေးနဲ့တော့ နောက်ဆုံးကွာ နင့်အန်တီရဲ့စီးပွားရေးဟာဟိုးအောက်ဆုံးထိကျသွားပြီပဲထား..နင့်အန်တီ့စုဆောင်းထားတဲ့ပိုက်ဆံတွေက သူ့ရဲ့ ဒီတစ်သက်စားကုန်မှာမဟုတ်ဘူး..အဲ့ပိုက်ဆံတွေနဲ့ နင်တို့နှစ်ယောက်လုပ်ငန်းသေးသေးလေး ပြန်တည်ထောင်ပြီးနှစ်ယောက်သားအေးချမ်းတဲ့ဘ‌ဝလေးကိုတည်ဆောက်လို့ရတယ်သိလား..ပိုက်ဆံတွေရှိပြီးမပျော်ရွှင်ရတဲ့ဘဝထက် ပိုက်ဆံအလည်အလတ်လောက်သာရှိပြီးပျော်ရွှင်ရတဲ့ဘဝ အဲ့ဘဝနှစ်ခုထဲကဆို နင်ဘာရွေးမလဲ..သေချာပေါက်ဒုတိယတစ်ခုကိုပဲနင်ရွေးမယ်မလား..အခုတော့ နင့်အန်တီကလူပဲချမ်းသာတာ စိတ်ချမ်းသာနေတာမှမဟုတ်တာ နင်ကြည့်ရက်လို့လားသစ္စာရယ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now