Part 1

11.5K 478 4
                                    

သွေးစွန်းနေသော လက်မှာ
သွေးစွန်းနေသော ဓားတစ်ချောင်း
လိုက်ဖက်တယ်လို့ ထင်ရပေမယ့် ကိုင်ဆောင်ထားသူနှင့်တော့ လုံးလုံး မအက်စပ်
နုနယ်လှပလွန်းလှတဲ့ မျက်နှာလေးက မျက်ရည်များစွာနှင့်
မျက်ဝန်းတို့မှာလည်း အသက်မဲ့လျက်

အနှီလူသားရဲ့ ဘေးမှာတော့ သွေးရဲရဲနီကာ လဲကျနေသော လူနှစ်ယောက်
အတိအကျပြောရရင်တော့ အသက်မဲ့ နေတဲ့ အလောင်းနှစ်လောင်း

ရှောင်းကျန့် သူ့လုပ်ရပ်အား နည်းနည်းလေးတောင် နောင်တမရမိ
သစ္စာဖောက်တွေက ဒီလိုပဲ အဆုံးသတ်သင့်တယ်

နာကျင်နေတဲ့ကြားက အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တဲ့တာတောင်
သူ့အပေါ်နည်းနည်းမှမတွေးပေးတဲ့
ထိုယောက်ျားကိုလည်း နောက်ဆုံး သူမုန်းမိပြီ

အဆုံးထိ မချစ်နိုင်ရင် ဘာလို့ လက်ထပ်ယူခဲ့အုံးမှာလည်း
ခနခနဖောက်ပြန်ချင်နေရင် ဘာလို့ ဒီအိမ်ထောင်ရေးကို စခဲ့သေးတာလဲ

နားလည်ရခက်လိုက်တာ ရိပေါ်ရာ
နောက်ကွယ်မှာ တစ်ယောက်ပြီး တစ်ယောက် တွဲနေထဲက
ကွာရှင်းရအောင်လို့ ပြောခဲ့သားပဲ
အဲ့တုန်းကကျ လက်မခံပေးပဲနဲ့
ခုဒီတစ်ယောက်မှ မဟားတရားတွေ ချစ်မိနေတယ်ပေါ့
မင်းဘက်က လိုလိုလားလား ​လမ်းခွဲချင်နေရအောင်

ရိပေါ် မင်းတစ်ခုတော့ မေ့သွားပုံပဲ
တစ်ချိန်တုန်းက မင်းအရမ်းချစ်ခဲ့ဖူးတဲ့ငါက
လွယ်လွယ်ခွင့်လွှတ်သလို
ဒေါသလည်း မထိန်းနိုင်ဘူးဆိုတာ

ဒါတောင် မင်းက ချစ်သူအသစ်လေးနဲ့ ရွှေလက်တွဲဖို့ကို မျက်နှာပြောင်တိုက်ပြီး
နှစ်ယောက်သား ကွာရှင်းခွင့်လာတောင်းရဲသေးတယ်
မင်းတို့မှားတာ ရိပေါ် ငါ့ဒေါသကို လာဆွတာ
ငါသည်းမခံနိုင်ရင် ဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတာ တွေးထားခဲ့သင့်တာ
ခုတော့......

ငါအရမ်းချစ်ရတဲ့ မင်း
ငါ မုန်းမိသွားတဲ့မင်းကို
ငါ သတ်မိပြီ......

ရှောင်းကျန့် ခေါင်းထဲ ဘာမှ ဆက်မတွေးနိုင်အောင် ဖြစ်နေပြီ
တစ်ဘဝမှာ တစ်ယောက်တည်းသော ချစ်ရသူကိုသတ်ပြီး ထောင်ထဲ ဝင်ရမှာလား
ရှောင်ပြေးတာတော့ သေချာပေါက် မလုပ်ဘူး
ဒီတော့ ဘဝကြီးက ထောင်ထဲသွားပြီး အဓိပ္ပါယ်မဲ့ နေမယ့်အစား
မင်းလိုပဲ ဒီလောကက ဒီနေ့ပဲ ထွက်ခွာတော့မယ်
ဒါမင်းတို့ကို သတ်မိတဲ့ အပြစ်ကြွေးကို ငါချက်ချင်း ပြန်ဆပ်တာလို့ မှတ်ယူမယ်

Unforgivable [completed]Where stories live. Discover now