Part 16

3.2K 260 2
                                    

"ဆေးခန်း သွားတာဆို ဘယ်လိုဖြစ်ပြီး
ချက်ချင်းကြီး ပြန်ရောက်လာတာလဲ"

သွားတာ သိပ်မကြာသေးဘဲ ပြန်ရောက်လာတဲ့ လီယိုကြောင့် ဖန်အာမှာ စိတ်မအေး
ဘာပြသနာများရှိလို့လဲပေါ့

"mask တပ်ဖို့ မေ့သွားလို့ "

ဆိုဖာပေါ် အေးအေးလူလူဝင်ထိုင်နေတဲ့ လီယိုကြောင့် ဖန်အာမှာ ခပ်ကြောင်ကြောင်ရယ်

" ပြန်မသွားဘူးလား "

"ကောနဲ့ကတွေ့သွားပြီ
ငါ့ကို ဝမ်ကောလို့ထင်သွားတာ
ခပ်ကောင်းကောင်းပါ
ကောတို့ရဲ့ အိမ်တွင်းရေး အခြေအနေကိုသိလိုက်ရတယ် "

လီယိုထိုင်တဲ့ ဆိုဖာမှာပဲ ဖန်အာ ဝင်ထိုင်လိုက်ပြီး လီယိုမျက်နှာကို အကဲခတ်လိုက်သည်
ကြည်နေတဲ့မျက်နှာ အနေအထားအရတော့
Wang CEOရဲ့ အိမ်ထောင်ရေးက မျက်ခုံးလှုပ်ချင်စရာပဲနေမှာ

"ပြောပါအုံး အခြေအနေက ဘယ်လောက်ဆိုးလို့ မင်းစိတ်ကြည်နေရတာလဲ "

"ကောက ကွာရှင်းချင်နေတာဟ
ဝမ်ကောကလည်း ခပ်ရှုပ်ရှုပ်သတင်းတွေထွက်တော့ ကောသည်းမခံနိုင်ဘူးနေမှာ
အစောက ငါ့ကို ဝမ်ကောထင်ပြီး
ကွာရှင်းဖို့ အသင့်ဖြစ်နေကြောင်းပြောတယ် "

ဒီလိုစကားလုံး မျိုးတွေကို အပြုံးချိုချိုနဲ့ ပြောနိုင်တာ
လီယိုဘယ်လောက်ကျေနပ်နေလဲ သိသာတယ်

"မင်းအတွက် သတင်းကောင်းပေါ့"

"ဟုတ်တယ် ဖန်အာ
ဒီနေ့ ကောနဲ့ အတူ အပြင်သွားခွင့်မရတာ
ဝမ်းမနည်းဘူး
ပိုကောင်းတဲ့ အခွင့်အရေးမျိုး ရနိုင်မယ် ထင်တယ် "

"အော် ဟုတ်သား ဆေးခန်းက ငါလိုက်ပို့ပေးရမလား လီယို"

"မလိုဘူး ဖန်အာ ဆေးခန်းသွားရလောက်အောင် ဘာမှမှမဖြစ်တာ
ကောကို အကြောင်းပြချင်ရုံသက်သက်ပဲ "

"အေးပါဟာ လီယိုရာ
အရင်က ငါ့သူငယ်ချင်းက ဒီလောက်ဉာဏ်မများဘူးလားလို့ "

ဖန်အာက နောက်ပြောင်ကာ သူ့အခန်းသူ ပြန်ဝင်သွားသော်လည်း
လီယိုမှာ စိတ်မကွက်နိုင်
အခု သူ့စိတ်ထဲမှာရှိနေတာက ကောတို့ ကွာရှင်းမယ့် အချိန်ကို စောင့်နေဖို့နဲ့
အဲ့အချိန်ကျရင် ကောကို အကောင်းဆုံး စောင့်ရှောက်ပေးမယ့်သူဖြစ်ဖို့ပဲ တွေးနေတာ
အတွေးလေးပဲဆိုရင်တောင် ပျော်ရွှင်နေရတာမျိုး

Unforgivable [completed]Where stories live. Discover now