Part 12

3.5K 290 2
                                    

ဝမ်ရိပေါ် ဒီနေ့အလုပ် မသွားဘဲ အိမ်မှာ ကပ်နေသည်
အကြောင်းက ရှောင်းအနားကပ်ရန် ဖြစ်သည်
အလုပ်ကိုပဲ အမြဲ ဦးစားပေးနေပါက
ရှောင်းနဲ့လုံးဝဝေးသွားလိမ့်မည်
ပိုပြီး စိမ်းသက်လာတယ်လို့လည်း
ခံစားနေရသည်

လောလောဆယ်ဆယ် ဝမ်ရိပေါ်က
မနက်စာအတွက်
အရွက်နဲ့ထမင်းရောကြော်ကာ
ကြက်ဥကြော်အား ထမင်းအပေါ်တွင် အချပ်လိုက်လေး တင်လိုက်သည်
အဲ့ဒီနောက် ဆော့စ်အနှစ်ဖြင့် ကြက်ဥကြော်ပေါ်တွင် heart shapeလေးဖော်ကာ
ပြင်ဆင်ထားသည်
သောက်စရာအနေနဲ့ ရှောင်းအကြိုက်
ပဲနို့လေးနဲ့ပဲ တွဲဖက်ပြင်ဆင်ထားလိုက်သည်

အားလုံးပြင်ဆင်လို့ပြီးတာနဲ့
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ အခန်းတံခါးရှေ့ရပ်ကာ
ခေါက်ရနိုးနိုး ဝေခွဲရခက်နေဆဲ
စိတ်အနှောက်အယှက် ဖြစ်သွားမှာလဲ
စိုးရိမ်ရသေး
ရှောင်းက ခါးသီးနေတဲ့ အနေအထားမို့
ဝမ်ရိပေါ်က နည်းနည်းလေးမှ
မမှားချင်
နောက်ဆုံး စိတ်ဆုံးဖြတ်ကာ တံခါးခေါက်လိုက်မယ် ကြံတော့ အခန်းထဲ မှ
အရင်ထွက်လာသူက
သူ့အား စူးစမ်းနေသော မျက်ဝန်းများဖြင့် ကြည့်လာလေသည်

"မနက်စာ စားဖို့ လာခေါ်တာ ရှောင်း "

ဇာတ်ပိုးအား အသာပွတ်သတ်လိုက်ကာ
မဝံ့မရဲပြောလိုကတော့
အထူးအဆန်းလိုမျိုးကြည့်ကာ
သူ့အား တွန်းဖယ်လာသည်
တခြားသော တုန့်ပြန်မှုတော့ မရှိ
ထမင်းစားခန်းသို့ တည့်တည့်လျှောက်သွားသူ

သူပြင်ပေးထားသော အစားအစာများကို
မငြင်းဘဲ စားပေးနေတာမို့
ဝမ်ရိပေါ်မှာ ကျေနပ်သွားလေတော့သည်

မယောင်မလည်နဲ့ သူလည်းရှောင်းနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်
ရှောင်းကတော့ မျက်လုံးလေးလှန်ပြီး ကြည့်လာရုံမှ အပ
အာရုံရောက်ခြင်းမျိုးမရှိ အစားသာ
ပုံမှန် စားနေသမျိုး စားနေသည်

ဝမ်ရိပေါ်ကတော့ ရှောင်းအားကြည့်ရင်းသာ အရင်အခြေအနေတွေကို ပြန်ပြီး လွမ်းမောနေရသည်
အရင်ဆို သူက အစားတစ်ခုခုပြင်ပေးခဲ့ရင်
ရှောင်းက လက်မလေးတစ်ထောင်ထောင်နဲ့ ချီးကျူးပေးတတ်တဲ့အပြင်
ချက်ပြုတ်ပေးခ အနမ်းချိုချိုလေးတွေပါ ပေးတတ်သူဖြစ်သည်

Unforgivable [completed]Where stories live. Discover now