Part 11

3.4K 297 7
                                    

"ဟဲ့နောက်ကို မသိမသာလေး လှည့်ကြည့် "

"ဘာလဲ အဆင်လေးလား "

"ဟုတ်တယ်ဟေ့ အဆင်တော့အဆင်ပဲ ပိုင်ရှင်ရှိအဆင်ဟ "

မိန်းမငယ်လေး တစ်ယောက်က
သူ့သူငယ်ချင်းမပြောတာကြောင့်
နောက်လှည့်ကြည့်လိုက်တော့
တစ်ဖက်ဝိုင်းမှ menuမှတ်နေတဲ့ waiter အချောလေးအားတွေ့လိုက်ရသည်
သူမရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့မျက်နှာမျိုးလေ
သေချာစဥ်းစားကာမှ အဖြေပေါ်လာသည်

"Wang CEOရဲ့ ခင်ပွန်းမလား
ဟိုတလောလေးကမှ လက်ထက်ထားကြတာလေ "

"ဟုတ်တယ်ဟေ့
ဒါဆို မနက်ကသတင်းက တကယ်ကြီးပေါ့ "

"ဘာသတင်းလဲ "

တစ်ဖက်ကသူငယ်ချင်းက မသိသေးတာမို့ ဖုန်းထဲက trending ဖြစ်နေသော သတင်းအား ထုတ်ပြလိုက်တော့မှ သဘောပေါက်သွားဟန်

"ဟယ်တကယ်ကြီးလား
လက်ထပ်ထားကြတာ တစ်လတောင်မကြာသေးဘူးလေ
ဖောက်ပြန်ဖို့က ဖြစ်နိုင်ပါ့မလား "

အသံနည်းနည်းကျယ်နေသော သူငယ်ချင်းမကြောင့်
အတင်းပြောချင်သူဟာ ရှေ့နည်းနည်း တိုးကာ
တိုးတိုးတိုးပြောတော့သည်

"ဖြစ်နိုင်တာပေါ့ မဟုတ်ရင်
သူဌေးကတော်က waiter လာလုပ်နေမလား
သူတို့ချင်းအဆင်မပြေလို့ပေါ့ဟဲ့ "

"အဲ့လိုဆို  ဒီတစ်ယောက်သနားပါတယ် "

"အေးလေ အစောထဲက ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ မိန်းမချောချောပဲယူခဲ့ရင် အဖောက်ပြန်ခံရမှာမဟုတ်ဘူးနော့ "

မိန်းမသဘာဝအရ ကော်ဖီသောက်ရင်း
အတင်းတုပ်နေကြပြီး
တစ်ချက်တစ်ချက် သူတို့စကားဝိုင်းထဲက ဇာတ်ကောင်ကိုလည်း လှမ်းလှမ်းကြည့်နေသေးတာမို့

ရှောင်းကျန့်မှာ စိတ်ထဲ မခံချိမခံသာ ဖြစ်နေရတယ်
သူ့အတင်းကို သူ့ဘေးမှာတင် ပြောနေမှတော့ သူကမသိဘဲနေမလား
ဒါပေမဲ့ သူ့သည်းခံလိုက်တယ်
customerနဲ့စကားများပြီး အလုပ်ထွက်ရတာမျိုးမဖြစ်ချင်လို့
စိတ်ထဲမှာတော့ မကျေနပ်
ဝမ်ရိပေါ်ရဲ့ မဆင်မခြင်လုပ်ရပ်တွေဟာ သူ့ကိုပဲ အမြဲ လာငြိတတ်သည်
အရင်ဘဝမှာတုန်းက ဒီလိုအခြေအနေမျိုးတွေ ခနခနကြုံရတတ်ပြီး
အဲ့တုန်းကတော့ ခုလိုသည်းခံမနေပါ
ပြန်တုန့်ပြန်ခဲ့သည်
ခုတော့ အဲ့လိုတုန့်ပြန်ခဲ့တာတွေက အရေးမပါမှန်းသိလာခဲ့ပြီး
လျစ်လျူရှုလိုက်တာဟာ အကောင်းဆုံး ဖြစ်မှန်းသိလာခဲ့သည်

Unforgivable [completed]Where stories live. Discover now