Part 26

4.1K 354 11
                                    


🐇Zawgyi🐇

ရှောင်းကျန့်က သူ့သူဌေးအား
အားနာနာနဲ့ အလုပ်ထွက်ဖို့ပြောခဲ့သည်
ခွင့်ရက်အများကြီး ယူပြီးနောက် အလုပ်ပြန်ဝင်တာရက်ပိုင်းပဲ ရှိသေး
အခု ထွက်ဖို့ပြောရတော့ မျက်နှာပူလှသည်
သို့သော် မထွက်လို့ကလည်း မဖြစ်ပါ
ဝမ်ရိပေါ်ကို အတွင်းရေးမှူးရာထူးမှာ လုပ်ပါ့မယ်လို့ပြောထားပြီး
လီဖန်အာကလည်း ဝမ်ရိပေါ်ဆီမှာ လက်ထောက်အတွင်းရေးမှူး ရာထူးနဲ့ အလုပ်ဝင်နေပြီဖြစ်သည်
ဒီတိုင်းတော့ လွှတ်မထားချင်ပါ
ဘယ်လောက်ပဲ ညီဖြစ်သူက တောင်းဆိုထားလို့ဆိုပြီး ရှင်းပြထားထား
ဝမ်ရိပေါ်နဲ့လီဖန်အာကို စိတ်မချနိုင်တဲ့ နဂို ဓာတ်ခံလေးကတော့ ရှိနေသည်

ဒါကြောင့် ဒီနေ့မှာ ရှောင်းကျန့်ဟာ ဝမ်ရပေါ်နဲ့အတူ အလုပ်သွားတော့ မှာ ဖြစ်တယ်
ကားနား ရောက်နှင့်နေပြီ ဖြစ်တဲ့ ဝမ်ရိပေါ်က သူအိမ်ပေါ်က ဆင်းလာတာနဲ့ ကားတံခါးကို အရံသင့် ဖွင့်ပေးလာတယ်
ရှောင်းကျန့်က ဝမ်ရိပေါ်ဆို ရွတ်ချင်တာမို့

"ဘယ်သူဌေးက အတွင်းရေးမှူးကို ကားတံခါး
ဖွင့်ပေးလို့လဲ "

ရှောင်းကျန့်က အတွန့်လေးတက်ပြီးမှ ခပ်ခပ်တည်နဲ့ ဝင်ထိုင်လိုက်တယ်

ဝမ်ရိပေါ်ကတော့ ကားမောင်းသူနေရာ
ဝင်ထိုင်ပြီး
သူ့အား seat beltတတ်ပေးရင်း
ပြောလာတယ်

"ကိုယ့်ရဲ့ special secretary လေးမို့
အထူးဂရုစိုက်ပေးရမယ်လေ "

အနီးကပ်ဆုံးအနေအထားမှာ ရှိနေပြီး
flirtလာတဲ့ ဝမ်ရိပေါ်ကြောင့်
ရှောင်းကျန့် အနည်းငယ်ပင် စိတ်ခုန်သွားလေသည်

.....

Wang Companyကိုရောက်တော့
ရှောင်းကျန့်က လီဖန်အာနဲ့လက်တွဲလုပ်ရတာမို့ နီးကပ်နေရသည်
အလုပ်ဝင်နှင့်ထားသူမို့ ခိုင်းထားတဲ့ စာရင်းဇယားတွေ ဖြည့်နေပုံရသည်
ရှောင်းကျန့်ကတော့ လောလောဆယ်အထိ
ဘာအလုပ်မှမရှိသေး
ခနနေတော့ အလုပ်လုပ်ရာမှ ထလာပြီး တစ်နေရာကို သွားဖို့ လုပ်နေတဲ့ လီဖန်အာကြောင့်
ရှောင်းကျန့်မှာ မနေနိုင်မထိုင်နိုင်မေးမြန်းလိုက်သည်

"ဘယ်သွားမို့လဲ အဲ့တာ "

"သူဌေးဝမ်ကို ကော်ဖီပို့ပေးရမယ့် အချိန်မို့ပါ "

Unforgivable [completed]Where stories live. Discover now