Part 7

4K 301 4
                                    

ရှောင်းကျန့် နိုးနိုးချင်းပဲ တစ်စုံတစ်ခုက ချုပ်နှောင်ထားသလို ခံစားနေရတာကြောင့် ခန္ဓာကိုယ်အား အနည်းငယ် ရုန်းကန်ကြည့်လိုက်တော့ 
တရားခံအား တွေ့ပြီ
အခြားသူမဟုတ် ရန်သူတော်ကြီး ဝမ်ရိပေါ် က တင်းကြပ်စွာ ဖက်ထားခြင်း
ရှောင်းကျန့် ထိုလူ့ဆီက နွေးထွေးတဲ့အငွေ့အသက်လေးကို ခံစားမိပေမယ့် ဒီအရာတွေက မပျော်ဝင်သင့်မှန်း သိနေအခါ
အနွေးလှိုင်းလေးက ချက်ချင်း အေးစက်သွားပြီး ရှောင်းကျန့် မျက်နှာမှာ Devil smileလေးပေါ်လာသည်
မကြာခင်မှာပဲ ကုတင်ပေါ် အိပ်ပျော်နေသူဟာ
ကုတင်အောက်သို့
ဗုန်းကနဲ ပြုတ်ကျသွားသည်

"အာ့ "

ဝမ်ရိပေါ်ကလည်း မထင်မှတ်ထားတာမို့ နာကျင်သံကို မတားလိုက်နိုင်
အဲ့ဒီနောက်တော့ သူ့ရှောင်းအားမော့ကြည့်လိုက်သည်

"လာကြည့်မနေနဲ့
နောက်တစ်ခါ ဒီလို မဖြစ်ချင် ကိုယ့်အခန်းကို ပြန် အိပ် "

မျက်နှာအား မော်ချီကာ အောင်နိုင်သူ အသံနဲ့
ပြောလာတဲ့ ရှောင်းကြောင့် ဝမ်ရိပေါ်မှာ စိတ်မဆိုးနိုင်ပဲ အတွေးဆိုးတစ်ခု ပေါ်လာရတော့သည်

"အလျှော့ပေးလို့ သိပ်ဆိုးနေတယ်ပေါ့
ရှောင်း
ရတယ် မင်းကိုယ့်ကို ခါးနာအောင်တယ်
ဒီတစ်ခါတော့ လွှတ်မထားတော့ဘူး
ရှောင်းလည်းခါးပြန်နာစေရမယ် "

မဲ့ပြုံးကြီးနဲ့ တဖြည်းဖြည်း အနားတိုးလာတာကြောင့် ရှောင်းကျန့်မှာ အထိတ်ထိတ်အလန့်လန့်
အခန်းပြင်သို့ ထွက်ပြေးရန် ကြိုးစားသော်ငြား
ထိုလူရဲ့ လက်ကြီးကြီးထဲမှာ ဖမ်းဆီးခံရပြီးနောက်
ရှောင်းကျန့်မှာ အနိုင်ကျင့်ခံရလေတော့သည်

ကင်းအောင်နေမယ်ဆိုပြီး သွားဆွတဲ့ မိမိကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား
ဟိုနှာဘူးကြီးကိုပဲ အပစ်တင် ရမလားမသိတော့

သေချာတာတစ်ခုက ဒီအခြေအနေမျိုးအား
ရှောင်းကျန့်တကယ်မလိုလားပါ

နောက်တစ်ခါ ထပ်နိုးလာတော့
ဘေးမှာ ဝမ်ရိပေါ်က မရှိတော့
အဲ့လူက အဲ့အတိုင်းပဲလေ
ဘာတွေမျှော်လင့်နေတာလဲ ရှောင်းကျန့်ရဲ့
ရှောင်းကျန့် သူ့ကိုယ်သူ အမြဲ သတိပေးနေသည့်တိုင် တစ်ခါတစ်ခါ စိတ်ပျော့ချင်တဲ့ ကိုယ့်ကိုယ်လည်း ထုရိုက်ပစ်ချင်သည်

Unforgivable [completed]Where stories live. Discover now