Part 9

3.7K 279 4
                                    

လီယိုရဲ့ ချိန်းဆိုမှုကြောင့်
မျက်စိသူငယ် နားသူငယ်နဲ့ ဘားသို့ ရောက်လာသူက ဖန်အာ
သူတစ်ခါမှ ဒီလိုနေရာမျိုးလာခဲ့တာမဟုတ်
ဘဝပေးအခြေအနေကလည်း
ရှိတဲ့ငွေကို လက်လွတ်စပယ် သုံးဖြုန်းပစ်နိုင်တာမျိုးမှမဟုတ်တာ
မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အလျှောက်
ပညာရေးအတွက်ပင် ကိုယ်တိုင် ရှာဖွေနေရသူတစ်ယောက် ဝမ်းရေးအတွက်လည်း ထို့ အတူပဲ
ကံကောင်းလွန်းတာက နေစရာအတွက် ပူပန်စရာမလိုခဲ့
သူငယ်ချင်းကောင်းတစ်ယောက်ရှိ၍သာ
မဟုတ်ရင် သူ့အတွက် ပညာရေးဆုံးခန်းတိုင်ဖို့က မလွယ်ကူလှ
ဒါကြောင့်ပဲ သူက အစစအရာရာ ကူညီပေးနေတဲ့ လီယိုကို အမြဲတမ်း
ကျေးဇူး တင်နေရတာ

အခုလည်း သူငယ်ချင်းကောင်းကြီးက
အသည်းကွဲနေလို့ ဆိုပြီး ဖုန်းဆက်လာ၍ ဘားသို့ရောက်လာခြင်း
တစ်သက်နဲ့တစ်ကိုယ် သူများအသည်းပဲ ခွဲလာတဲ့ သူငယ်ချင်းကြီးဟာ
ခုတလော ကောလှလှလေးဆိုပြီး အသည်းအသန် ဖြစ်နေရာက
ဘယ်လိုဖြစ်ပြီး အသည်းကွဲ သွားရပြန်လည်းမသိပါ

ဖန်အာ အရောင်အသွေး စုံလင်လှတဲ့ လူငယ်များကြား သူ့သူငယ်ချင်းကို ရှာနေသော်လည်းမတွေ့
များပြားလှ လူများကြား တိုးဝင်ရှာတော့ အခက်တွေ့ရပြန်တယ်
လီယိုအထင်နဲ့ ကြည့်လိုက်မိတဲ့
ယောက်ျားငယ်လေးတွေက ရန်ဆောင်အကြည့်နဲ့ ကြည့်သူက ကြည့်
ယောက်ျားအချင်းချင်းပင်ဘူးချင်သူက ရှိသေး

"အလှလေး "

ဖန်အာ သူ့အနားချဥ်းကပ်လာတဲ့
အသက်ခပ်လတ်လတ် ယောက်ျားတစ်ယောက်ကြောင့် နည်းနည်းပင်လန့်ချင်လာသည် ဘာလဲ ယောက်ျာလေးတစ်ယောက်ကို အဲ့လို ခေါ်လို့ ရလား သူနဲ့လည်း မသိဘဲနဲ့လေ

ဖန်အာ မကြားချင်ယောင်ဆောင်ကာ
ဘားထဲမှ ပြန်ထွက်ရန် ပြင်သော်လည်း
ခြေတစ်လှမ်းနောက် ကျသွားပြီ
ထိုလူက သူ့လက်တစ်ဖက်အား ဆွဲထားနှင့်ပြီးနေပြီ

"ကိုယ့်အတွက် one night stand လုပ်မလား "

ဖန်အာလန့်တာထက် စိတ်ပါတိုလာသည်
သူဟာခပ်သေးသေးပိန်ပါးပါး ခန္ဓာရှိပေမယ့် မိန်းခလေးတစ်ယောက်မဟုတ်တာကို
မျိုးတူယောက်ျားတစ်ယောက်က
ဒီလို လာစော်ကားတဲ့အခါ
ဒေါသတို့က အတိုင်းအဆမဲ့
အဆင်အခြင်မဲ့စွာ ထိုလူ့မျက်နှာ အား
ထိုးရန် ကြံရွယ်လိုက်သော်လည်း
လက်ဦးသွားတာက
ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ လီယို

Unforgivable [completed]Where stories live. Discover now