Part 23

3.6K 324 6
                                    

🐇Zawgyi🐇

ဝမ်ရိပေါ်ရဲ့ ညီဆိုတဲ့ကောင်လေးက
သိပ်တောင်ကြာကြာမနေ
ဝမ်ပါးကို တောင် မနှုတ်ဆက်ပါဘဲ လှည့်ပြန်သွားခဲ့သည် ရှောင်းကျန့် စိတ်ထဲ ယဉ်ကျေးမှုမရှိတဲ့ကောင်လေးလို့
အပြစ်တင်ပစ်လိုက်သည်
အခုခေတ်ကလေးတွေ အချိုးမပြေပုံများ

ရှောင်းကျန့်ဆက်မတွေးတော့ဘဲ
ဝမ်ပါး ပန်းကန်ထဲက လျော့သွားတဲ့ ပန်းသီးတွေနေရာမှာ
ထပ်ဖြည့်ပေးလိုက်တော့
ဝမ်ပါးက သူအား ကြည့်လာပြီး ခပ်တည်တည်နဲ့ ပန်းသီးတွေ ဆက်စားနေတယ်
ဒီအခြေအနေက တော်တော်လေးတိုးတက်လာတာ
အရင်နေ့တွေကဆို သူ့အား လှည့်ပင်မကြည့် မရှိနေတဲ့လူအလားပဲ
တဖြည်းဖြည်း သူ့စိတ်ရင်းအား ခံစားမိသွားပုံရတယ်
သူကလည်း အရင်တုန်းကဆို ဝမ်ပါးနဲ့ မာနတွေ ပြိုင်ခဲ့ဖူးသည်မလား
အခုတော့ နေမကောင်းတဲ့ ဝမ်ပါး ကို
သူ့ဘက်က တတ်နိုင်သလောက် အလျှော့ပေးပါတယ်
ဒါကြောင့်လည်း မဆိုစလောက်လေး ကီးကိုက်နေခြင်း

ရှောင်းကျန့် ဝမ်ပါးနဲ့သူ့အခြေအနေအား
သုံးသပ်နေစဉ်
"ဝမ်ပါး သမီးလာတယ် "ဆိုတဲ့
အသံဆာဆာနဲ့ မိန်းကလေးသံကြောင့်
တံခါးဝအားကြည့်လိုက်တော့
သစ်သီးခြင်းတစ်ခုနဲ မိန်းကလေး
မြင်ဖူးနေပါတယ်ဆိုပြီး
ဦးနှောက်အား အလုပ်ပေးလိုက်တော့
ဝမ်ရိပေါ်နဲ့ သတင်းတွေထွက်လာတဲ့ အမျိုးသမီးတွေထဲ တစ်ယောက်
ရှောင်းကျန့်လည်း နှာခေါင်းရှုံ့လိုက်ပြီး
ထိုမိန်းကလေးအား မျက်နှာလွှဲလိုက်သည်
ဒီလို စက်ကော့လက်ကော့ အမျိုးသမီးတွေဆို ကြည့်ကို မကြည့်ချင်ဘူး

"ဒီမယ် ဒီမယ် ဒါလေးယူထားပေး "

သြော် မပတ်သက်ချင်လို့ မသိချင်ယောင်ဆောင်နေတယ်လေ
အလိုက်ကမ်းဆိုးမသိ လာခိုင်းနေသေး
မကြားချင်ယောင်ဆောင်နေတဲ့ သူ့အား ဝမ်ပါးက သတိထားမိစွာ

"လက်ခံထားလိုက် "ဆိုပြီး ညွှန်ကြားလာလေရဲ့ အဲ့တော့လည်း လက်ခံထားလိုက်ရတာပါပဲ

ထိုအမျိုးသမီးကတော့ သူ့အား အာရုံမရှိတော့
ဝမ်ပါးနားသွားပြီး မျက်နှာလိုမျက်နှာရလုပ်နေလေသည်

"ပါး ဒီရက်ပိုင်းထဲ အလုပ်ရှုပ်နေလို့မလာ
ဖြစ်တာ ပါး
နေကောင်းရဲ့လား "

Unforgivable [completed]Where stories live. Discover now