Part 5

4.6K 331 4
                                    

ရှောင်းကျန့် Social Media သုံးနေရင်း
Weiboမှ Trendနေသော တစ်ခုအားတွေ့လိုက်တာကြောင့် မျက်နှာလှလှလေးမှာ မဲ့ကျသွားသည်

#Wang CEO မိန်းကလေတစ်ဦးနှင့် အကြည်စိုက်

#Wang CEOတွင် မိန်းကလေးအသစ် ထွက်ပေါ်

#Wang CEOက Wang ကတော်အားမနှစ်သက်

စတဲ့ အကြောင်းအရာတွေကြောင့် ရှောင်းနဲ့ ရိပေါ်ရဲ့ နဂို ဇာတ်ထုတ်ကြီးက စလာပြီ
ဒီထက်ပို မသိမ်ငယ်ရခင် ဝမ်ရိပေါ်နဲ့ မြန်မြန်အပြတ်ဖြတ်မှရမည်

ဒါကြောင့် ရှောင်းကျန့်တို့က အချိန်မဆွဲပဲ
ဝမ်ရိပေါ်အား ပြသနာရှာရန်
စာကြည့်ခန်းသို့ ထွက်လာခဲ့သည်

အဲ့ဒီနောက်တော့ အလုပ်များနေပုံပေါ်တဲ့ ဝမ်ရိပေါ် ရဲ့ မျက်စိရှေ့ ထိုသတင်းအားပြလိုက်တော့
မျက်နှာချက်ချင်းပျက်သွားသူ
ဒီလိုမျက်နှာမျိုးက နေ့ခင်းတုန်းကတည်း ဖြစ်ပျက်နေရမှာလေ
အဲ့တုန်းကကျ  မသိချင်ယောင် ဆောင်နေခဲ့ပြီး
ခုကျ သက်သေရှိသွားလို့ ထင်ပါ့

"ကဲ ဝမ်ရိပေါ် ဘာဆက်လုပ်မလဲပြော "

ရှောင်းကျန့်သည် အောင်နိုင်သူလေသံနဲ့ ပြောလိုက်တာ ဖြစ်သည်

"ဒီကိစ္စကို အထင်လွဲတာဆိုရင်
ရှောင်းကိုယ့်ကို ယုံလို့ရတယ်နော်
ဓာတ်ပုံလေး တစ်ပုံ နှစ်ပုံက
အမှန်တရားဖြစ်တယ်လို့ သတ်မှတ်လို့မရဘူး "

"ဒါဆို ကြည်နူးနေကြတဲ့ ဒီပုံတွေက အမှန်မဟုတ်ဘူးပေါ့ "

"သေချာတာကတော့ ကိုယ့်မှာ ရှောင်းအပြင် နောက်တစ်ယောက် တကယ်မရှိဘူး"

ငြင်းတယ်ပေါ့လေ ဝမ်ရိပေါ်
ရတယ် မင်းဇယားတွေက ဒီတစ်ခုတည်းမှ မဟုတ်တာ မင်း ဘယ်နခါငြင်းနိုင်မလဲ ကြည့်ကြသေးတာပေါ့

"ဒီတစ်ခါတော့ ထားလိုက်ရိပေါ်
နောက်တစ်ခါ ပိုခိုင်လုံတဲ့ အကြောင်းတရားတွေရှိလာရင်
မင်းငါ့ကို ကွားရှင်းးေပးဖို့ ပြင်ဆင်ထားပါ"

ရှောင်းကျန့်သည် ပြောစရာရှိတာပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်
ခုချိန်မှာ ထိုလူမျက်နှာအား မကြည့်ချင်ပါ

Unforgivable [completed]Where stories live. Discover now