Part 24

3.7K 323 7
                                    


🐇Zawgyi🐇

ဝမ်ပါးဆေးရုံဆင်းခွင့်ရတဲ့နေ့မှာ
ဝမ်ပါးအား အိမ်ခေါ်လာဖို့ ရှောင်းကျန့်က အကြံပြုသလိုပြောခဲ့တယ်
ဝမ်ရိပေါ်မျက်ဝန်းထဲက စိတ်မချနိုင်မှုတွေကို
သေချာမြင်တွေ့ခဲ့လို့
သူက အလိုက်တသိပြောပေး ခဲ့ခြင်းဖြစ်တယ်
အခုချိန်မှာ ရှောင်းကျန့်နဲ့ ဝမ်ပါးက အတော်လေး ဆက်ဆံရေးကောင်းနေပြီမို့
ဝမ်ပါး သူတို့ အိမ်သိုလိုက်နေခြင်းက ပြသနာ အကြီးကြီး မဟုတ်ဘူး
ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့ဝမ်ပါးက
ငြင်းဆိုတယ်
သူ့ရဲ့ ဝမ်အိမ်တော်ကို ပဲ ပြန်နေချင်ကြောင်း
ပြောခဲ့တယ်
ဝမ်အိမ်တော်မှာ အစေအခံအပြည့်နဲ့ ဆိုပေမယ့်
ဝမ်ရိပေါ်က ဝမ်ပါးအပေါ် စိုးရိမ်နေသေးတုန်း
ပဲ
ဒါကြောင့် ဝမ်ရိပေါ်အား ဝမ်အိမ်တော်ဆီ တစ်ပတ်လောက်လိုက်နေလိုက်ဖို့ ထပ်မံအကြံပြုမိတဲ့အခါ
ဝမ်ပါးက သူ့ကိုပါ လိုက်နေဖို့ တောင်းဆိုခဲ့တယ်
ရှောင်းကျန့်မှာ သူအကြံပြုမိတဲ့ ကိစ္စမို့ မငြင်းနိုင်ခဲ့ဘူး

ဝမ်အိမ်တော်သို့သွားတဲ့တစ်လျှောက်လုံး
သိသိသာသာ ပျော်ရွှင်နေတဲ့သူက
ကားမောင်းရင်းတောင် အပြုံးတွေ သိမ်းမထားနိုင်တဲ့ ဝမ်ရိပေါ်ပဲ ဖြစ်တယ်

တဖြည်းဖြည်း အဆင်ပြေလာတဲ့ ပါးနဲ့ရှောင်းရဲ့ ဆက်ဆံရေးကြောင့် ဝမ်ရိပေါ်မှာ မပျော်ဘဲမနေနိုင်ဘူး
သူ့အတွက်အခက်ခဲတစ်ခု ဖြေရှင်းပြီးသွားသလိုပဲ ခံစားနေရတယ်

ကားကဝမ်အိမ်တော်ထဲရောက်တာနဲ့
အစေခံတွေနဲ့ အိမ်ထိန်းကြီးက ထွက်ကြိုတယ်
အစေခံတွေက ပစ္စည်းပစ္စယတွေကို ကူသယ်ပေးပြီး အိမ်ထိန်းကြီးကတော့ ရှောင်းကျန့် လက်ထဲ ဝမ်ပါးကို ကူတွဲလို့
ဝမ်ပါးရဲ့ အခန်းဆီခေါ်ဆောင်သွားတယ်

ကူပေးစရာမရှိတော့တဲ့ ရှောင်းကျန့်က စပြီးနေရခက်လာတယ်
ဒီဝမ်အိမ်တော်ကို နှစ်ဘဝလုံးစာအတွက် ပထမဆုံး ရောက်ဖူးခြင်းပဲ
ဝမ်ရိပေါ်နဲ့ လက်ထပ်ဖြစ်ခဲ့ပေမယ့်
ဝမ်ပါးကသူ့ကို မနှစ်သက်မှန်းသိတော့ မာနကြီးတဲ့သူက ဝမ်အိမ်တော်ကို ခြေဦးတောင်မလှည့်ဖြစ်ခဲ့ဘူး
ခုတော့ ရောက်လာခဲ့ပြီး ရှောင်းကျန့်မှာ သူ့နဲ့စိမ်းသက်တဲ့ အိမ်တော်ထဲဝင်ဖို့ ခပ်ရွံ့ရွံ့ဖြစ်နေတယ်
ဒါကိုသိတဲ့ ဝမ်ရိပေါ်ကပဲ ရှောင်းရဲ့ ပုခုံးမှဆွဲဖက်ကာ အိမ်တော်ထဲသို့ ခေါ်ဆောင်ခဲ့တယ်
ပြီးတော့ ဧည့်ခန်းမှာ ထိုင်စေတယ်

Unforgivable [completed]Where stories live. Discover now