Part 28 End

6.7K 378 9
                                    

မနက်စာ ပြင်ဆင်လို့ ပြီးသွားတဲ့ ရှောင်းကျန့်ဟာ
ဝမ်ရိပေါ်ကို နှိုးဖို့ အပေါ်ထပ်ကို တက်လာခဲ့သည်
မနေ့ညက movie dateအပြီးမှာ
သူ့ရဲ့ ဆွဲဆောင်မှုကြောင့်
ဝမ်ရိပေါ်ရော သူရော ပင်ပန်းခဲ့ရသည်မလား
ဝမ်ရိပေါ် အပေါ် သူပျက်ကွက်ခဲ့တာတွေရော စိတ်ညစ်အောင် လုပ်ခဲ့မိတာတွေအတွက်ပါ
ရှောင်းကျန့်က လိုလိုလားလား ပေးဆပ်ချင်နေလေသည်

"ရိပေါ် "

အိပ်နေဆဲ ဖြစ်တဲ့ရိပေါ်ပုခုံးအား လှုပ်ကာနှိုးလိုက်သည်
သို့သော် ရိပေါ်ကနိုးမလာ
ရှောင်းကျန့် သူ့ခေါင်းသူ လက်နဲ့ ဖွလိုက်မိသည်
နေတော်တော်မြင့်နေပြီမို့ ထသင့်နေပြီမလား

ရှောင်းကျန့် ဝမ်ရိပေါ်အား ထပ်မံလှုပ်နှိုးလိုက်လိုက်ပြန်သည်

ထိုအခါမှ အိပ်ချင်ယောင်ဆောင်နေသူက သူ့လက်အားဆွဲကာ ရင်ခွင်ထဲ ဆွဲထည့်ခဲ့လေသည်

"လွှတ်အုံး ရိပေါ် "

ရှောင်းကျန့်က အနည်းငယ်ရုန်းရင်း ပြောလိုက်သည်
မနက်စာစားဖို့ အချိန်နောက်ကျနေပြီမို့ ပြောခလိုက်တာ ဆိုပေမယ့် ဝမ်ရိပေါ်က
အဓိပ္ပါယ်တစ်မျိုး တွေးခဲ့ပြီး အသံငယ်လေးပြောလာလေသည်

"ကိုယ် မှားသွားတာ
ရှောင်းမကြိုက်တာ မလုပ်လိုက်သင့်ဘူး
စိတ်မဆိုးပါနဲ့နော် ရှောင်း "

ဒီလိုပြောလာတော့ သူ့မှာ စိတ်မကောင်းနိုင်

"မနက်စာ ပြင်ပေးထားလို့ လာနှိုးတာ
အေးသွားရင် မကောင်းဘူလေ
ဒါပေမယ့်...... မင်း ....ဖက်ထားချင်သေးရင်လည်း... ရတယ်
မနက်စာ ပြန်နွှေးပေးမယ်"

ဝမ်ရိပေါ်မှာတော့ ထိုဖြေရှင်းစကားတို့အား နားထောင်ပြီး ကြည်နူးလို့မဆုံးနိုင်
အခုလတ်တလောအခြေအနေတွေ တိုင်းဆို သူ့ရဲ့နဂိုရှောင်း ပြန်ရောက်လာတာမဟုတ်ဘူးလား
ရှောင်းသာဆိုရင် ဂျစ်ကန်ကန်အပြုအမူမျိုးသာမက ဘယ်လိုဖြစ်တည်မှုမျိုးကိုမဆို ချစ်ပေမယ့် ခနခနကွာရှင်းဖို့ ပြောတဲ့ရှောင်းက
သူ့ကို နည်းနည်းတော့ နာကျင်စေခဲ့တာ အမှန်ပဲ
ခုလိုဂရုစိုက်ပြီးကြင်နာပေးတတ်တဲ့ရှောင်းကို ပြန်ရတော့
သူ့မှာ ထီဆုကြီးပေါက်သလို ခံစားလိုက်ရလေသည်

You've reached the end of published parts.

⏰ Last updated: Sep 10, 2022 ⏰

Add this story to your Library to get notified about new parts!

Unforgivable [completed]Where stories live. Discover now