Part 18

3.1K 271 5
                                    

လက်ထဲကဘီယာဘူးကို လှုပ်ခတ်နေရင်း
ရှောင်းကျန့် စိတ်ထဲအကြံတစ်ခုပေါ်လာတယ်
ဝမ်ရိပေါ်ရဲ့ နောက်ဆုံးအဖက်လုပ်ပေးတဲ့နေ့မှာ ဝမ်ရိပေါ်ကို နိုင်စားကြည့်ရမလားဆိုပြီးတော့ပေါ့
အတိတ်မှာရော လက်ရှိမှာပါ တစ်လျှောက်လုံး ဝမ်ရိပေါ်ကပဲ သူ့ကို  နာကျင်စေခဲ့တာ
သူ့ဘက်က တုန့်ပြန်တာမျိုးမလုပ်ခဲ့
ဒီနေ့မှာတော့ ဝမ်ရိပေါ်ကို အသေးစားလက်စားချေတာမျိုးလေး လုပ်ချင်သည်
ဒါကြောင့် သူ့ဆီက အကြည့်မလွှဲတဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကို
သူက စူးစိုက်ကြည့်ပေးလိုက်သည်

"ဝမ်ရိပေါ် ငါ ဝိုင်သောက်ချင်တယ် "

ဝမ်ရိပေါ်ဆီမှ အကြည့်မလွှဲဘဲ
ပြောလိုက်သည်
တစ်ဝိုင်းထဲထိုင်နေတဲ့ အခြားသူငယ်ချင်းတွေကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကို သိထားသူတွေကြည့်မလို့
သူ့စကားကို အရေးတယူတော့မရှိကြ
ဝမ်ရိပေါ်ကတော့ ပြုံးဖြီးနေတဲ့မျက်နှာကြီးနဲ့

"ကိုယ်ယူပေးမယ် "
ဆိုပြီး ထသွားလေရဲ့
ရှောင်းကျန့် နှုတ်ခမ်းတွန်ရုံပြုံးလိုက်ပြီး
ဘေးက သူငယ်ချင်းဖြစ်သူနဲ့ စကား ဖောင်ဖွဲ့လိုက်တော့တယ်
သူငယ်ချင်းတွေဆုံဖို့က မလွယ်တာမို့
စကားမပြောဘဲ ခပ်တန်းတန်းနေလို့ မဖြစ်ပေ

သူငယ်ချင်းရဲ့ လက်ရှိစီးပွားရေး
ကျန်းမာရေး တွေမေးတော့
​ပြန်မေးလာတာက သူနဲ့ဝမ်ရိပေါ်ရဲ့ အိမ်ထောင်ရေးအကြောင်းသာ
ရှောင်းကျန့်ကတော့ လုပ်ပြုံးလေးနဲ့ အိမ်ထောင်ရေး အဆင်ပြေကြောင်း
ဖြေပေးခဲ့ပါတယ်
အမှန် မဟုတ်ပေမယ့်လည်းပေါ့

"ဝမ်ရိပေါ်ရဲ့ ကောလဟာလ သတင်းတွေ
အရမ်းတက်လာတယ်နော် "
တဲ့ ရှောင်းကျန့်မှာ ဘယ်လိုဖြေရမလဲမသိ
သူငယ်ချင်းက သဘောပေါက်သွား ပုံရပြီး
"အမှန်မဟုတ်တာ သိလည်း ကြာတော့ မင်းတို့ အိမ်ထောင်ရေးအတွက် မကောင်းဘူး
စေတနာနဲ့ အကြံပေးတာပါကွာ "ဆိုပြီး လျှောချသွားတယ်

ရှောင်းကျန့်မှာ မပီပြင်တဲ့ အပြုံးတွေနဲ့ ခေါင်းညိတ်နားထောင်နေရချိန်
ဝိုင်ခွက်ဆွဲလာတဲ့ ဝမ်ရိပေါ်က
ရောက်လာလေရဲ့

Unforgivable [completed]Where stories live. Discover now