Part 22

3.5K 300 3
                                    


🐇Zawgyi🐇

ဝမ်ပါးရဲ့ခွဲစိတ်မှုက အောင်အောင်မြင်မြင် ပြီးဆုံးသွားသော်လည်း
ဝမ်ပါးမှာ ဆက်လက်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးဖြစ်သည်
ဝမ်ရိပေါ်မှာ ဖခင်ဖြစ်သူအား စိုးရိမ်နေပုံကို
ကြည့်ကာ ရှောင်းကျန့်မှာ စိတ်မကောင်းနိုင်
သားတစ်ယောက်အနေနဲ့ ဒီလိုအချိန်မှာ ပူပန်နေရမှာပဲ
အတိတ်တုန်းက ဝမ်ရိပေါ်မှာလည်း
ဒီလိုအခက်အခဲမျိုးတွေ ရှိနေခဲ့တာလား
ရှောင်းကျန့် ပြန်စဉ်းစားမိရင်း
တွေဝေလာသည်
အတိတ်တုန်းက ဒီလိုအချိန်မှာ အိမ်ပြန်မရောက်လာတဲ့ ဝမ်ရိပေါ်ကို နောက်မီးလင်းနေခြင်းလို့ တွေးပစ်ခဲ့တာ
အတိတ်တွေကပဲမှားနေခဲ့တာလား
သူပဲမှားနေခဲ့တာလား
သေချာမဝေခွဲနိုင်သော အကြောင်းအရာက
ခေါင်းရမ်းကာ ခါထုတ်လိုက်သည်
အခုလောလောဆယ် ဝမ်ရိပေါ်မှာ
နေ့လည်ကတည်းကပင် ဘာဆို ဘာမှ မစားရသေး
ယခု ညပင် အတော်မှောင်နေခဲ့ပြီ
မဖြစ်ဘူး သူပါလဲသွားလိမ့်မယ်

"ဝမ်ရိပေါ် ညစာ  သွားစားရအောင် "

"ရှောင်း ဗိုက်ဆာနေပြီလား ခနနော်
ကိုယ်သွားဝယ်ပေးမယ် "

သူကိုလိုက်ကျွေးချင်ပါတယ်ဆို
walletကောက်ကိုင်ကာ သွားဝယ်ပေးမယ်
လုပ်နေတဲ့ ဝမ်ရိပေါ်ကို လက်ကဆွဲထားလိုက်တယ်

"အတူတူသွားမယ် "

"ဒါပေမယ့်....."

အတူသွားမယ်ဆိုတော့
မျက်လုံးလေးက ချက်ချင်းအရောင်လက်လာပေမယ့်
ကုတင်ပေါ်က ဝမ်ပါးကို ကြည့်ကာ မျက်နှာက ချက်ချင်းပြန်ညှိုးသွားတယ်
သူ့ပါးကို စိတ်မချထားနိုင်ဘူး
ဖြစ်မယ်

"ကျိုးချန်ကို ခေါ်ထားတယ် ရောက်တော့မယ်တဲ့ "

"ဒါဆို ခနစောင့်လိုက်မယ်နော် ရှောင်း "

ခွင့်တောင်းသလိုလေး ပြောလာတဲ့ ဝမ်ရိပေါ်က
သူကငြိုငြင်မှာလည်း ကြောက်နေပုံရပြန်တယ်
ဒါကြောင့် ရှောင်းကျန့်က ခေါင်းငြိမ့်ကာ လက်ခံကြောင်း ပြလိုက်တော့
မျက်နှာလေးက မြူးထူးလာတယ်
သခင့်မျက်နှာကြည့်နေရတဲ့   ပါပီလေးလိုပဲ
သူ့ကို အလေးထားတဲ့ ပုံစံလေးက
ချစ်သူရည်းစားဘဝက ဝမ်ရိပေါ်ကို ပြန်ရလိုက်သလိုပဲ
လက်မထပ်ခင်ဝမ်ရိပေါ်က သူ့ကိုဘယ်လောက်တောင်ချစ်မြတ်နိုးခဲ့ပါသလဲ

Unforgivable [completed]Where stories live. Discover now