Part 25

3.9K 332 5
                                    

ဝမ်အိမ်တော်ရောက်ပြီး တစ်ရက်လောက်နေတော့  ရှောင်းကျန့်ဟာ သူ့ရဲ့ အလုပ်ဆီ ပြန်သွားရတော့သည်
အချိန်ပိုင်းအလုပ်ဆိုပေမယ့် ကျိုးချန်ကြောင့် ခွင့်ယူရလွယ်ခဲ့သည်
သူဌေးက ခွင့်ကို ရက်ရက်ရောရောပေးပေမယ့် အားနာတတ်တဲ့ ရှောင်းကျန့်ကပဲ
အဆင်ပြေသည့်အချိန်ကစလို့ အလုပ်ပြန်သွားခဲ့တာ
ဝမ်ရိပေါ်ကတော့အလုပ်ပြန်လျှင် လာခေါ်ပေးသည်
ဒီရက်ပိုင်း ဝမ်ရိပေါ်နဲ့ သူ့ရဲ့ဆက်ဆံရေး ကောင်းလာတယ်လို့ပဲ ပြောရမလား
ဝမ်ရိပေါ်အပေါ်မှာ အရင်လို ခေါင်းမမာနိုင်ပါ
လာကြိုလျှင် ငြိမ်ငြိမ်လေးထိုင်ပြီးလိုက်သွားပေးလိုက်သည်

အခုလည်း အလုပ်ပြီးဖို့ နာရီဝက်လောက်လိုကတည်းက ဝမ်ရိပေါ်က ဆိုင်ကိုရောက်နေခဲ့ပြီ
ကော်ဖီတစ်ခွက်မှာပြီး သူဘာလုပ်လုပ်လိုက်ကြည့်တတ်တဲ့ ဝမ်ရိပေါ်ဟာ အရင်ရက်တွေကလည်း ဒီလိုပဲမို့
အာရုံမထားတော့ပဲ ကိုယ့်အလုပ်ကို ဆက်လုပ်နေခဲ့သည်
နောက်ဆုံး အချိန်ပြည့်ပြီမို့ ခန္ဓာပေါ်က apronကို သိမ်းရန်
storeခန်းကို ခနသွားပြီအပြန်
မထင်ထားတဲ့ မြင်ကွင်းက ဆီးကြိုသည်

ဝမ်ရီပေါ်နဲ့ တစ်ဝိုင်းထဲ ထိုင်နေတဲ့
ကောင်လေးတစ်ယောက်
ဝမ်ရိပေါ်အား စာရွက်စာတမ်းအချို့ကိုပေးနေသည်ကိုတွေ့ရသည်
ထိုကောင်လေး အခြားသူတော့ မဟုတ်
လီဖန်အာပင်

ရှောင်းကျန့်စိတ်ထဲ အခြားအတွေးတွေထက်
ဝမ်းနည်းစိတ်ကလေးလျှံတက်လာသည်
ဝမ်ရိပေါ်နဲ့လီဖန်အာ အတူရှိနေခြင်းက သူ့အား ရင်နာစေသည်
ရှောင်းကျန့် လှည့်ထွက်ဖို့ပြင်ခဲ့ပေမယ့်
ဝမ်ရိပေါ်က သူရှိရာသို့လှည့်လာပြီး
လက်ပြကာ လာခဲ့ဖို့ ဟန်ပြသည်
ပေါ့ပါးလွန်းနေတဲ့ ဝမ်ရိပေါ်ရဲ့အမူအရာတွေကြောင့် ရှောင်းကျန့်မှာ ရှုပ်ထွေးသွားခဲ့သည်
ဝမ်ရိပေါ်မှာ မလုံမလဲ အမူအရာမျိုး မတွေ့ရ
အခြေအနေကထူခြားနေတာမို့
သေချာစွာ အကဲခတ်နိုင်ရန်
ထိုသူတို့ရှိရာဆီ သွားခဲ့လိုက်သည်

"အလုပ်ရှိရင် သွားလေ
တစ်ယောက်တည်း ပြန်လည်းရတယ် "

အလိုမကျစိတ်လေးဟာရှိနေတာမို့
ရှောင်းကျန့်အနေနဲ့ မရွဲ့မစောင်းဘဲ မနေနိုင်ပါ

Unforgivable [completed]Where stories live. Discover now