Part 8

3.8K 312 5
                                    

"ဘယ်လိုဖြစ်တာလဲ ကျန့်ကျန့်ရယ်
bodyguardတွေ ဘာတွေနဲ့"

ကျိုးချန်က နားမလည်စွာမေးလာတာမို့
မိမိမှာ ဝမ်ရိပေါ်အား ကွာရှင်းချင်နေကြောင်းနဲ့ ဝမ်ရိပေါ်က လက်မခံကြောင်း
ရှင်းပြလိုက်သည်

သို့သော်ကျိုးချန်က နားလည်ပုံမပေါ်ပဲ အကြောင်းအရင်းကို မေးလာသည်
ဒီလိုဆိုတော့ ရှောင်းကျန့်မှာ ရှင်းမပြနိုင်
သူက တစ်ဖန်မွေးဖွားလာတဲ့သူ
အနာဂတ်တွင်နေထိုင်ဖူးသူဟု ပြောလျှင် ဘယ်သူမှ ယုံမှာ မဟုတ်
ဒါကြောင့် ဟိုဟိုဒီဒီ ဖြီးဖြန်းလိုက်တော့
အကြောင်းအရင်းက မခိုင်လုံတာမို့
ကျိုးချန်က လက်မခံဘဲ မိမိအား
တရားပြန်ချသည်
ဒီအချစ်ဆုံး သူငယ်ချင်းလေးက
တော့ ခက်ပြီ

"အဲ့တာတွေ ထားလိုက်ဟာ
အခုငါ အလုပ်တစ်ခုလောက်လိုချင်နေတယ်
Company အလုပ်မျိုးမဟုတ်ရင်ရတယ် တခြား ဘာအလုပ်ပဲ ဖြစ်ဖြစ် "

"ကျန့်ကျန့်ရာ မင်းက ဝမ်ဥက္ကဠရဲ့ ခင်ပွန်းလေ တခြားမှာ အလုပ်လုပ်လို့ ဘယ်သင့်တော်မှာလဲ ပြီးတော့
အလုပ်က လုပ်စရာလည်း မလိုပါဘူး "

"ဘယ်က ဝင်ငွေ ရှိနေလို့ အလုပ်လုပ်စရာ မလိုရမှာလဲ
ဝမ်ရိပေါ် ပိုက်ဆံတွေတော့ သေတောင်မသုံးဘူး "

"အဲ့လောက်တောင်လား
ကျန့်ကျန့်ရာ မင်းတို့နှစ်ယောက်ကြားက ပြသနာကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ "

"မသိချင်စမ်းပါနဲ့ ကျိုးချန်ရာ
ငါ့ကို အလုပ်ရှာပေးမှာလားပဲ ပြော "

"အသိညီလေး cafeဆိုင်ရှိတယ်
waiterဝင်လုပ်မလားပြော
သူလည်း လူလိုနေတာတဲ့ "

"ရတယ်လေ waiterလဲ ဘာဖြစ်လဲ "

"တကယ်နော်
ဒါဆို သူ့ကို ပြောထားနှင့်လိုက်မယ် "

"ကျေးဇူးပဲ ကျိုးချန်
ခု ဝမ်ရိပေါ်ကြီးဆီ သွားလိုက်အုံးမယ် "

"ပြောတော့ မချစ်ဘူးဆို "

ကျိုးချန်တမင်ပင်စလိုက်သည်
သူ့သူငယ်ချင်းအိမ်ထောင်ရေးမပြိုကွဲဖို့
သူတတ်နိုင်တဲ့နေရာက ပါဝင်ပေးမှာ

"ဟုတ်တယ်လေ ခုကိစ္စလေး ရှိလို့ "

ထိုသို့ဆိုကာ ေကျာ့ကျော့လေးထွက်သွားသူကို ကြည့်ကာ ကျိုးချန် ခေါင်းခါ လိုက်သည်

Unforgivable [completed]Where stories live. Discover now