Part 17

3.1K 275 14
                                    

ဝမ်ရိပေါ်ကို ဧည့်ခန်းထဲမှာ ချန်ထားပြီး
ရုန်းထွက်လာခဲ့သည်
ဝမ်ရိပေါ် သူ့အပေါ်အခုလိုတွေ တွယ်ကပ်နေသေးတာက
အချိန်အတိုင်းအတာတစ်ခုထိမရောက်သေးတာကြောင့်ဖြစ်မည်
အတိတ်မှာတုန်းက
မှတ်မှတ်ရရဆို သိပ်မကြာခင်ရောက်လာတော့မယ့် ကျိုးချန်ရဲ့ birthday party မှာ
ဂရုစိုက်ပြီး ချစ်ခင်ပြခဲ့တာက နောက်ဆုံးဖြစ်ခဲ့သည်
အဲ့နောက်ပိုင်း ဝမ်ရိပေါ်က အိမ်လည်း မကပ်တော့ အိမ်အပြန်ရက်တွေက
လက်ချိုးရေလို့ရခဲ့သည်အထိ
အဲ့လိုအချိုးတွေပြောင်းပြီး တစ်လလောက်လည်း ကြာရော
လီဖန်အာကို အတွင်းရေးမှူးရာထူးပေးပြီး အနားခေါ်ထားခဲ့တာပဲ

အတိတ်အကြောင်းတွေပြန်တွေးမိပြီး
ရှောင်းကျန့်ဟာ ခြောက်ကပ်ကပ်ရယ်လိုက်သည်
ဒါတွေ သိထားပြီးတာတောင်
သူက ဝမ်ရိပေါ်ရဲ့ အထိအတွေ့တွေဆီမှာ ကြည်နူးလိုက်ချင်သေး အမှတ်မရှိလိုက်ပုံများ

.......

ရှောင်းကျန့် ကောင်းကောင်းအိပ်မပျော်တာကြောင့် အောက်ထပ်သို့ ရေသွားထည့်ရန်
ဖန်ကရားလေးအားဆွဲလာသည်
အချိန်အားဖြင့် 1နာရီဝန်းကျင်ရှိနေပြီဖြစ်သည်
ဧည့်ခန်းက ခုချိန်ထိမီးလင်းနေသေးတာမို့
မီးအရင်သွားပိတ်ဖို့ လုပ်လိုက်သည်
သို့သော် မထင်မှတ်ထားစွာ
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဝမ်ရိပေါ်က ရှိနေသေးသည်
ခေါင်းငုတ်ကာ ငုတ်တုတ်ထိုင်နေသည်မို့ ထိုင်အိပ်နေသည်လားလို့ ထင်မှတ်ဖွယ်ရာ ရှိသည်
သေချာကြည့်ကာမှ ခန္ဓာကိုယ်က တုန်ယင်နေသည်

ရှောင်းကျန့် စိတ်တို့လှုပ်ရှားလာရသည်
ဝမ်ရိပေါ်တစ်ခုခုဖြစ်နေတာ မဟုတ်ဘူးလား
ဗိုက်အောင့်နေတာတို့ ဘာတို့များဖြစ်နေမလား
ဝေဒနာ တစ်ခုခု ခံစားနေရရင်လို့ တွေးမိတော့
ရှောင်းကျန့်မှာ ဆက်ပြီးလျစ်လျူမရှုနိုင်တော့

ဝမ်ရိပေါ် အနားသို့ တိုးကပ်သွားကာ
ပုခုံးကို နှစ်ချက်လောက်ပုတ်လိုက်သည်
ဖြည်းဖြည်းချင်း လှည့်လာတဲ့ မျက်နှာလေးမှာ မျက်ရည်တို့အပြည့်

မတ်တပ်ရပ်နေတဲ့သူ့
ကို ခါးမှာ မျက်နှာအပ်ကာ ဖက်လိုက်ပေမယ့် ရှောင်းကျန့်မှာ မရုန်းရဲ
ဝမ်ရိပေါ်လို လူမျိုးက ငိုနေတယ်လေ
အတိတ်မှာရော လက်တွေ့မှာပါ
ဝမ်ရိပေါ်ငိုတာ မတွေ့ဖူးခဲ့
ရောဂါတစ်ခုခုကြောင့် ရုပ်ပိုင်းဆိုင်ရာနာကျင်တာမျိုးကြောင့်တော့ မဖြစ်နိုင်
ဒီလို စိတ်မာတဲ့လူကို ဘယ်အရာက ငိုစေတာလဲ
လီဖန်အာမှ ဟုတ်ရဲ့လား

Unforgivable [completed]Where stories live. Discover now