Part (2) Uni/Zawgyi

35.7K 859 49
                                    

ပြန်လိုချင်တယ်
အပိုင်း (2)

Ring>>>> Ring >>>> Ring>>>>

"အား...ကျစ်!"
နေပိုင်ထွဋ်မှာ ခင်သက်အခန်းထဲကနေထွက်သွားကတည်းက ကောင်းကောင်းအိပ်မပျော်တော့တာဖြစ်ပြီး အခုအိပ်ပျော်ခါနီးမှ ဖုန်းထဲက Alarm ကထမြည်ပြန်သည်။

နေပိုင်ထွဋ်လည်းစိတ်ညစ်ညစ်နဲ့အိပ်ယာဘေး စားပွဲပေါ်ကဖုန်းကိုလှမ်းယူပြီးပိတ်ဖို့လုပ်ခါက Alarm ချခဲ့တုန်းကရေးထားတဲ့အတိုင်း ဒီနေ့မနက်အစောမှာ အစည်းအဝေးရှိတာဖြစ်နေသည်။

"ဟာ...Shitt!"
နိုင်ငံခြားဧည့်သည်နဲ့တွေ့ဖို့ချိန်းတဲ့အကြောင်း အခုမှသတိရပြီးဆဲရေးဆိုကာ အိပ်ယာပေါ်မှာငုပ်တုပ်ထထိုင်လိုက်တော့ မှန်တင်ခုံရှေ့မှာ မနက်စောစောစီးစီးအလှပြင်နေသောမိန်းမကိုတွေ့ရသည်။

ခင်သက်လည်း နှုတ်ခမ်းနီဆိုးနေရင်း ရုတ်တရက်ကြီးထဆဲသော နေပိုင်ထွဋ်ကြောင့်လန့်သွားရပြီး မှန်ထဲကနေသူ့ကိုလှမ်းကြည့်လိုက်တော့ ခေါင်းစုတ်ဖွားနှင့်ကမန်းကတန်းအိပ်ယာပေါ်ကနေပြေးဆင်း၍ရေချိုးခန်းထဲဝင်သွားတာတွေ့ရသည်။

"​ဘာဖြစ်ရတာလဲ စောစောစီးစီး!"

ခါတိုင်းဆို ညမူးပြီးပြန်လာရင်ရုံးချိန်၈နာရီလောက်မှထတာဖြစ်သည်။

ခင်သက်သည် သူမရဲ့အဖျားကလေးအနည်းငယ်လိပ်ထားသောဆံပင်ရှည်များကိုပုံစံကျအောင်သေချာသပ်ပြီး မှန်တင်ခုံရှေ့ကနေမတ်တပ်ရပ်လိုက်သည်။

"ခင်သက်တင် ခဏနေဦး ငါ့ကိုစောင့်ဦး!"

ရေချိုးခန်းထဲကနေပြန်ထွက်လာ၍ မျက်နှာကိုလည်းတံဘက်ဖြင့်ခပ်မြန်မြန်သုတ်ပြီး ဗီရိုထဲကနေသူ့အဝတ်အစားတွေထုတ်နေသည်။

နေပါဦး...သူရေမချိုးဘူးလား?
မနေ့ကသောက်စားမူးရူးထားတာကို ဒီပုံစံနဲ့ရုံးသွားမလို့လား?

ခင်သက်မှာ အင်္ကျီလဲနေတဲ့နေပိုင်ထွဋ်ကိုကြည့်ပြီးနှာခေါင်းရှုံ့နေမိသည်။

သူကအခု ခင်သက်ရှေ့မှာတောင်မရှက်နိုင်ဘောင်းဘီချွတ်ချဖို့ပြင်ဆင်နေတာလား?

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now