Part (25) Uni/Zawgyi

24.6K 682 33
                                    

ပြန်လိုချင်တယ်

အပိုင်း (25)

"မင်းတို့ဘယ်သူ့စောင့်နေကြတာလဲ! "

နေပိုင်ထွဋ်ကစီးကရက်ကိုတစ်ချက်ရှိုက်သောက်လိုက်ရင်းအပြင်ကိုပဲတမော့မော့မျှော်နေကြတဲ့ဇေကြီးနဲ့ဝမ်တီးအားမေးလိုက်သည်။

"ဘာကိုစောင့်ရမလဲ မင်းမေလင် သန့်ဇင်ကိုပေါ့ကွ ဗိုက်ဆာလှပြီ သူတောင်းစားလေးကမလာသေးဘူး"

ဇေကြီးကဝမ်တီးဘေးမှာခြေကားယားလက်ကားယားနဲ့လှဲအိပ်နေရင်းပြောလိုက်သည်။

ဒီနေ့ကရုံးပိတ်ရက်တွေဖြစ်၍သူတို့တစ်ဖွဲ့လုံးအားနေကြပြီးဇေကြီးရဲ့ကွန်တိုမှာတွေ့ဖို့ချိန်းဖြစ်ကြသည်။ ဇေကြီးရဲ့ကွန်တိုဟာယောက်ျားလေးတစ်ယောက်တည်းနေတဲ့တိုက်ခန်းပီပီ ဘယ်နေရာမှသပ်သပ်ရပ်ရပ်မရှိရှုပ်ပွနေပြီး သူတို့ထိုင်နေကြတဲ့ဧည့်ခန်းကြမ်းပြင်ပေါ်မှာကောဇောတစ်ချပ်တည်းမှာသာရှင်းလင်းနေတာဖြစ်သည်။ ကောဇောအကျယ်ကြီးပေါ်မှာ နေပိုင်ထွဋ်ကစားပွဲခုံခြေထောက်ကိုမှီပြီးစီးကရက်သောက်ရင်း တင်ပုလ္လင်ခွေထိုင်နေ၍ ဒူးတစ်ဖက်ထောင်ပြီးဖုန်းသုံးရင်းထိုင်နေသောဝမ်တီးရဲ့ဘေးမှာတော့ ဗိုက်ဆာလို့ဆိုကာငြီးငြူနေသောဇေကြီးအိပ်နေတာဖြစ်သည်။

တွေ့ကြဖို့ချိန်းထားတာညနေ၅နာရီဖြစ်ပြီး သောက်စရာနဲ့မြည်းစရာတွေဝယ်လာမယ်ဟုအာမခံသူကတော့သန့်ဇင်အောင်သာဖြစ်သည်။ သို့သော်၆နာရီထိုးတဲ့အထိလည်းသန့်ဇင်အောင်ကပေါ်မလာခဲ့ပါ။ နေ့လည်ကတည်းကသန့်ဇင်အောင်အစ်မဆီကပီဇာမှာတာကိုဒင်းကညနေသူလာမှယူခဲ့မယ်ပြောလို့အခုထိနေ့လည်စာမစားရသေးသူဇေကြီးကအမှန်အကန်ကြီးလောင်နေတာဖြစ်သည်။

"ဟေ့ကောင်တွေ ကူသယ်ပါဦးကွ မင်းတို့ကလည်းနေနိုင်လိုက်တာ ဒီအဖေကစားဖို့သောက်ဖို့ဝယ်လာတာကို"

အိမ်အပေါက်ကတည်းကအသံဆာဆာနှင့်ဝင်လာသောသန့်ဇင်အောင်အား ဇေကြီးကတော့အိပ်လျှက်ကြိမ်ဆဲနေတာဖြစ်သည်။

"မသယ်ဘူးကွ ဒီမှာမင်းအဖေငါကဗိုက်တာလို့သေတော့မယ် အချိန်ကိုမလေးမစားနဲ့ ငုံးမသား"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now