Part (36) Uni/Zawgyi

21.2K 811 69
                                    

ပြန်လိုချင်တယ်

အပိုင်း (36)

ခင်သက် Body Fix နှင့် မနက်စောစောထပြေးဖြစ်သည်။ နားထဲမှာ Ear phoneလေးတပ်ကာကြိုက်နှစ်သက်သောမြူးကြွသည့်Music များဖွင့်ထားလျှက် ဆံပင်များကိုခေါင်းပေါ်သို့ထုံးတင်ထားပြီး အားကျိုးမာန်တက်ပြေးလာခဲ့တာ ဟိုတယ်ရှေ့သို့အရောက် လက်ထဲမှာလည်း Colaဘူး နှစ်ခုကိုင်ထားလျှက် ဟိုတယ်ရှေ့မှာလမ်းလျှောက်နေသည့်အနက်ရောင်ဆွယ်တာကလေးနှင့်ကောင်လေးကိုတွေ့ရသည်။

"စိုင်းခမ်းစစ်!"

ခင်သက်ကပြေးလာလို့မောဟိုက်သောအသံနှင့်ခပ်တိုးတိုးခေါ်လိုက်တော့

"မမသက် "

ဆိုကာ ခင်သက်ရှိတဲ့ဘက်သို့လှည့်လာသည်။

"ရော့ သောက်လိုက်ဦး! "

ခင်သက်၏ ချွေးတွေရွှဲပြီးမောဟိုက်နေပုံကိုကြည့်၍သူ့လက်ထဲကိုကာကိုလာဘူးကလေးအားခင်သက်လက်ထဲသို့ပေးလိုက်ပါသည်။ ခင်သက်လည်းပိုက်ကလေးကိုဆွဲထုတ်ပြီးအသင့်စုပ်သောက်လိုက်တော့မှအနည်းငယ်အမောပြေပြီးရင်ထဲအေးသွားရသည်။

"အမောပြေသွားပြီလား"

စိုင်းခမ်းစစ်ဟာ ခင်သက်ရဲ့မျက်နှာကိုပဲအတင်းလိုက်ကြည့်နေကာဂရုတစိုက်မေးပါသည်။

"အင်းပြေသွားပြီ"

"မပြောသေးရင်ဒီမှာ နောက်တစ်ဘူးကျန်သေးတယ်"

စိုင်းခမ်းစစ် သူ့လက်ထဲကကိုလာဘူးကိုပါခင်သက်အားထပ်ပေးနေသောကြောင့်ခင်သက်ကလက်ထဲကမကုန်သေးတဲ့ဘူးကိုပြပြီးခေါင်းရမ်းပြသည်။

"နေပါဦး နင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ!"

ခင်သက်က ဟိုတယ်ထဲသို့လမ်းလျှောက်ဝင်သွားရင်းနောက်ကနေကပ်လိုက်လာတဲ့စိုင်းခမ်းစစ်အား မျက်မှောင်ကုပ်ပြီးမေးလိုက်သည်။

စိုင်းခမ်းစစ်ကတော့သူမရဲ့စိတ်ဆိုးမူဟန်ကလေးနဲ့မေးလာတာကိုပင်သဘောကျနေစွာနဲ့ပြုံးနေမိလေသည်။

ဓာတ်လှေကားကနေတစ်ဆင့်သူမ၏အခန်းရှိသောအထပ်သို့တက်လာရင်း မဖြေသေးတဲ့စိုင်းခမ်းစစ်ကိုထပ်မေးလိုက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now