Part (27) Uni/Zawgyi

20.9K 776 33
                                    

ပြန်လိုချင်တယ်

အပိုင်း (27)

ခင်သက် အိပ်ပျော်တစ်ချက်မပျော်တစ်ချက်နဲ့သူ့ဘေးကနေကားလိုက်စီးလာတာအခုဆိုတော်တော်ခရီးပေါက်နေလောက်ပြီ။ နာရီတစ်ချက်ကြည့်တော့လည်းမနက်၆နာရီရှိနေပြီဖြစ်သည်။

"ရှင်ဘယ်ကိုသွားနေလို့အခုထိမရောက်သေးတာလဲ မိုးတောင်လင်းနေပြီ"

ခင်သက်မနေနိုင်ဘဲသူ့ကိုမေးလိုက်တော့သည်။ သူကတော့ကားမောင်းရတာကိုပဲတက်ကြွနေသယောင်ခင်သက်မေးတာကိုလည်းပေါ့ပေါ့ပါးပါးပြန်ဖြေသည်။

"မူဆယ်!"

"ဘာရယ်...ဘာပြောတယ်!"

"မူဆယ်သွားမလို့"

သူ စောနက သီချင်းတွေလိုက်ဆိုနေကတည်းကခင်သက်ရိပ်မိခဲ့ရမှာဖြစ်သည်။ မစဥ်းစားလိုက်မိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်မိသည်။

"ရှင်ရူးနေသလား ကိုနေပိုင်ထွဋ် ကျွန်မတို့ဟန်းနီးမွန်းထွက်လာတာမဟုတ်ဘူးနော်အလုပ်နဲ့လာတာ မူဆယ်အထိဆို မနက်ဖြန်တောင်ပြန်ရောက်ဖို့မသေချာဘူးဒီညပွဲရှိတယ်!"

"ထားခဲ့လိုက်ကွာ ကိုယ်မင်းကိုအေးဆေးအနားယူစေချင်လို့ ဘာဖြစ်လဲအဲ့ဒီပွဲကမင်းမလာလို့လည်းပျက်သွားမှာမှမဟုတ်တာ ကိုယ့်ယောက်ျားနဲ့အချိန်ရှိတုန်းလေအတူပျော်ပျော်နေစမ်းပါ"

"မရဘူး.. ကျွန်မဒီပွဲကိုတက်ပါ့မယ်လို့ကတိပေးထားတာ "

"ဘယ်သူ့ကိုလဲ စိုင်းခမ်းစစ်ကိုလား! "

နေပိုင်ထွဋ်ကခင်သက်ကိုလှည့်ကြည့်ပြီးမေးလိုက်တော့ခင်သက်ဒေါသထွက်စွာနဲ့သူ့ကိုအံကြိတ်လျှက်ကြည့်နေသည်။

"အဲ့ဒီကောင်ကိုကတိပေးထားတော့လည်းဘာဖြစ်လဲ ဒီနေ့မလာနိုင်တော့ဘူးပွဲမတက်ဖြစ်ဘူး ငါ့ယောက်ျားနဲ့မူဆယ်ကိုTripဆက်သွားလို့ လို့ပြောလိုက်ပေါ့"

"ရှင်တော်တော်မကောင်းတာပဲကိုနေပိုင်ထွဋ် ကျွန်မဒီပွဲအတွက်အားလုံးပြင်ဆင်လာခဲ့တာ အခုအလကားဖြစ်ကုန်ပြီ ကျွန်မရှင့်ကိုမုန်းလိုက်တာမုန်းလိုက်တာ!"

ခင်သက်တအားစိတ်တွေတိုလာတာမို့လို့ လူလည်ကျလွန်းတဲ့နေပိုင်ထွဋ်အား ကားမောင်းနေတဲ့လက်မောင်းကြီးကိုသူမလက်သီးဆုပ်ကလေးများဖြင့်အတင်းထုရိုက်ပစ်လိုက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now