Part (24) Uni/Zawgyi

20.8K 707 83
                                    

ပြန်လိုချင်တယ်

အပိုင်း (24)

နေပိုင်ထွဋ် ကုမ္ပဏီကနေ အိမ်သို့အပြန်လမ်းမှာ ဖုန်းလာသောကြောင့် Screen ကိုလှမ်းကြည့်လိုက်တဲ့အခါ မှုံနံ့သာဆီမှဖြစ်သည်။ ဒီရက်ပိုင်း သူမဘက်ကညဘက်ဖုန်းဆက်ရင်လည်း ကိုယ်အိပ်ပျော်နေတာရယ် မနက်ဆိုလည်းမအားတာနဲ့ဖုန်းကိုင်ခဲ့ရင်တောင်ဘာမှရေရေရာရာမပြောမိ။ အခုလိုအိမ်ပြန်ချိန်ကိုယ်အလုပ်အားတဲ့အချိန်မှာသူမဆီကဖုန်းလာတော့ကိုယ့်ဘက်ကလည်းပြောစရာရှိနေတာနဲ့ဖုန်းကိုင်လိုက်ပါသည်။

"ဟယ်လို ကိုကို "

"အင်း မှုံနံ့သာဘာပြောစရာရှိလို့လဲ"

"ဟိုလေ..ဒီနေ့ နံ့သာရဲ့မန်နေဂျာက ခွင့်ယူထားတာ အဲ့တာနံ့သာကိုShooting ကနေကြိုပေးမယ့်သူမရှိလို့ ကိုကိုအားရင်လာကြိုပေးပါလားဟင်"

နေပိုင်ထွဋ်လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်တော့ညနေ၆နာရီဖြစ်သည်။ ဟိုတစ်ခါခင်သက်တင်သူမကိုလူတွေရှေ့ပါးရိုက်လိုက်တုန်းကကိစ္စကိုမတောင်းပန်ရသေးတာကြောင့် အဲ့ဒီကိစ္စတောင်းပန်ဖို့ရောသူမနဲ့ဆက်ဆံရေးကိုလည်းပြတ်သားရမှာဖြစ်တဲ့အတွက်သွားကြိုပေးဖို့လက်ခံလိုက်သည်။

"အင်း...အခုဘယ်မှာလဲ လာခေါ်ပေးမယ်"

"Location ပို့လိုက်မယ်နော် ကိုကို စောင့်နေမယ်"

နေပိုင်ထွဋ်သူ့ဖုန်းရဲ့ သံလိုက်Standလေးမှာပြန်ကပ်ထားလိုက်ပြီး မှုံနံ့သာပို့လိုက်တဲ့ Location နေရာသို့ရောက်ရန်ကားကိုပြန်ကွေ့မောင်းလိုက်သည်။

သူမရဲ့ Shooting ကိုရောက်တော့ မှုံနံ့သာရှိတဲ့အခန်းကို မေးပြီး မိတ်ကပ်လိမ်းတဲ့အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ အခန်းထဲမှာကမှုံနံ့သာတစ်ယောက်တည်းဖုန်းသုံးရင်းထိုင်နေတာကိုတွေ့ရ၏။

"သြော်....ကိုကိုလာပြီလား မြန်လိုက်တာ"

နေပိုင်ထွဋ်က တံခါးပြန်ပိတ်ပြီး သူမထိုင်နေတဲ့မှန်ရှေ့ကစတီးကုလားထိုင်အနားသို့လျှောက်လာခဲ့သည်။

"အင်း...ကျွန်တော် ကားမောင်းနေရင်းနဲ့မို့တစ်ခါတည်းလှည့်ပြီးဝင်ခေါ်လိုက်တာ"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now