Part (31) Uni/Zawgyi

21.9K 736 26
                                    

ပြန်လိုချင်တယ်

အပိုင်း (31)

"စာရင်းက ဒီလောက်ထိကွာနေတာတော့မဟုတ်သေးဘူး ဒါကို မဟေမာန်ထွဋ်ကရောဘာမှမပြောဘူးလား သူမသိတာလား"

နေပိုင်ထွဋ် သူ့ရုံးခန်းထဲက စားပွဲမှာ ကြည်ပြာချိုလာပြတဲ့စာရင်းအချို့ကိုကြည့်ပြီး ဦးနှောက်ခြောက်နေသည်။

"ဟို..ကျွန်မအထင်တော့ မဟေမာန်ထွဋ်မသိလောက်ဘူးထင်တယ် ဒီစာရင်းကို ကျွန်မဆီလာပေးတာက ခါတိုင်းလချုပ်စာရင်းလာပေးသလိုမဟုတ်ဘဲ တိုးတိုးတိတ်တိတ်ပေးသွားတာမို့လို့ပါ"

"အင်း..ကျွန်တော်သိတယ် ကျော်ဇောလင်းလုပ်သမျှကိစ္စဆိုဟေမာန်ထွဋ်ကအမြဲသိနေပြီးသား ဟေမာန်ထွဋ်ခွင့်ပြုချက်မပါဘဲကျော်ဇောလင်းကဘာမှလုပ်လို့မရဘူး ဒါပေမဲ့ဒီလောက်ပိုက်ဆံAmount တွေကွာနေတာကို ဟေမာန်ထွဋ်မသိဘူးဆိုတာစဥ်းစားစရာပဲ "

"ဆရာ ကျွန်မဆီကိုဒီစာရင်းလာပေးတဲ့ ကိုဇော်မင်းကို မေးကြည့်သင့်တယ်"

"အင်း...ကြည်ပြာ့ဆီကိုတိုးတိုးတိတ်တိတ်နဲ့လာပေးတယ်ဆိုကတည်းက သူဒီကိစ္စမှာပါဝင်နေလို့ပဲဖြစ်ရမယ် ဘာလို့အခုမှအောက်ဖဲလှန်တာလဲ ကျွန်တော့်ဆီ နေ့လည်နားတဲ့အချိန် ကိုဇော်မင်းကိုလွှတ်ပေးပါ"

"ဟုတ်ကဲ့ပါဆရာ ကျွန်မ ကိုဇော်မင်းကိုဆက်သွယ်လိုက်ပါ့မယ်"

နေပိုင်ထွဋ် ကြည်ပြာထွက်သွားတော့ လက်ထဲကစာရင်းအချို့ကိုကြည့်ပြီးဆက်စဥ်းစားနေသေးသည်။

ဒီငွေပမာဏဟာ တစ်လတည်းနဲ့ဖြောင်ထားလို့ရတဲ့ပမာဏမဟုတ်။ သိန်း၂ထောင် ဆိုတဲ့ငွေပမာဏကိုဒီကောင်လစဥ်နည်းနည်းချင်းခိုးထားတာဖြစ်ရမည်။ဘယ်လကတည်းကသူ ဟေမာန်ထွဋ်ဆီကိုစာရင်းအတုပို့ပြီးဂျင်းထည့်နေတာလဲ။

*
*
*

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

"ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "

"သြော်...ကိုဇော်မင်း ထိုင်ပါဦး"

နေပိုင်ထွဋ်က ကိုဇော်မင်းကိုမြင်လျှင်မြင်ချင်းနေရာမှထလာပြီး ကိုဇော်မင်းနဲ့အတူဆိုဖာမှာထိုင်လိုက်ကြသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now