Part (16) Uni/Zawgyi

21.8K 656 72
                                    

ပြန်လိုချင်တယ်

အပိုင်း (16)

နေပိုင်ထွဋ် မနက်ပိုင်းအိမ်ပြန်လာတော့ ခင်သက်ကိုမတွေ့ရတော့ပါ။ အချိန်အားဖြင့်လည်းအများကြီးနောက်မကျသေးပေမဲ့ ခင်သက်ဟာသူနဲ့မတွေ့ချင်လို့သာသူ့ဆိုင်ကိုအစောကြီးသွားခဲ့တာဖြစ်လိမ့်မည်။

နေပိုင်ထွဋ်လည်း ခင်သက်သူ့ကိုအတော်လေးတင်းသွားတာမို့ ​စကားပြောရအောင်ဟိုတယ်ကနေသေချာစောစောပြန်လာတာတောင်မတွေ့လိုက်ရတာသဖြင့် နည်းနည်းတော့စိတ်ညစ်သွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ခင်သက်လည်းမရှိတော့ ကုမ္ပဏီသွားဖို့သာပြင်ဆင်စရာရှိတော့သဖြင့်နေပိုင်ထွဋ်လည်း မနေ့ကဝတ်ထားတဲ့ Body Fix ကိုချွတ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။ နေပိုင်ထွဋ်အပေါ့သွားဖို့ ဘောင်းဘီဇစ်ကိုဖြုတ်ပြီး ဘိုထိုင်အိမ်သာဆီအသွားမှာပဲ အိမ်သာခွက်ထဲကိုကြည့်ရင်းရှူးပေါက်ဖို့တောင်မနည်းအရှိန်ထိန်းလိုက်ရသည်။

"ဟာ....!"

နေပိုင်ထွဋ် အိမ်သာခွက်ထဲသို့ငုံ့ကြည့်ရင်း ငယ်ထိပ်သို့သွေးစောင့်တက်သွားရသည်။ ဟုတ်တယ်....အိမ်သာခွက်ထဲမှာရှိနေတာကသူမြတ်နိုးနှစ်သက်ရဆုံးနာရီတစ်လုံးဖြစ်သည်။ နာရီဟာစျေးကြီးကြီးပေးရသည့်သူပတ်နေကျနာရီတွေမဟုတ်ဘဲ သူသေချာအမြတ်တနိုးသိမ်းထားတဲ့ဘူးကလေးထဲကနာရီအဟောင်းကလေးသာဖြစ်ပါသည်။

နေပိုင်ထွဋ်သည် အိမ်သာခွက်ရှေ့သို့ဒူးထောက်ထိုင်လိုက်ကာ အိမ်သာခွက်ထဲကထိုနာရီအဟောင်း ကလေးကိုမရွံမရှာနဲ့လက်နဲ့ကောက်ဆယ်လိုက်သည်။ နာရီကလက်ထဲပါလာတော့လည်း တစ်ခုခုနဲ့ထုချိုးထားပုံရစွာ မှန်တွေကအက်ကွဲနေတာတွေ့ရပြီးရေဝင်သွားသဖြင့်နာရီစက်ကလည်းပျက်နေပြီဖြစ်သည်။

"တောက်!..."

နေပိုင်ထွဋ် ရင်ထဲကနေဒေါသတွေဆူပွက်စွာလှိုက်တက်ရပါတော့သည်။ ဒီနာရီသည် သူအထက်တန်းကျောင်းသားဘဝမှာ အမှတ်ကောင်းကောင်းနဲ့စာမေးပွဲအောင်ခဲ့လို့ အမေကဆုချခဲ့တဲ့နာရီဖြစ်ပြီး အမေနောက်ဆုံးဝယ်ပေးခဲ့ဖူးသော ပစ္စည်းတစ်ခုဖြစ်သောကြောင့် အမေဆုံးသွားကတည်းကကိုယ်တိုင်တောင်မပတ်ရက်ပဲသေချာသိမ်းထားခဲ့တာကို ဒီမိန်းမဟာဤကဲ့သို့ဖျက်စီးပစ်ရက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now