Part (44) Uni/Zawgyi

29.3K 838 40
                                    

ပြန်လိုချင်တယ်

အပိုင်း (44)

ခင်သက်ရဲ့ကိုယ်လေးတွန့်လူးလာ၍ မျက်လုံးများမဖွင့်ချင်သေးဘဲ ဒီနေ့ကအရင်နေ့တွေနဲ့မတူနွေးထွေးစွာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တာဖြစ်ပြီး အခုထိလည်းတစ်ကိုယ်လုံးနွေးထွေးနေကာ ရင်းနှီးသောကိုယ်သင်းနံ့အချို့ကလည်းနှာခေါင်းထဲမှာရစ်သီလာတာမို့ ထိုအနံ့ကလေးကိုပိုလို့ရှူရှိုက်ချင်မိကာရှေ့သို့တိုးလိုက်တော့.....
သူ့ရင်ခွင်ထဲရောက်သည်ထက်ရောက်အောင်တိုးဝင်လာသည့်ဇနီးကလေးအား နေပိုင်ထွဋ် ပိုပြီးဖက်ထားပေးလိုက်သည်။

ခင်သက်သူမရဲ့လက်ဖဝါးကလေးများနှင့်သူ့ရှေ့မှာရှိနေသောနေပိုင်ထွဋ်၏ရင်အုပ်ကြီးများကိုစမ်းမိသွားကာ သူမရဲ့ခါးကလေးကိုပိုလို့ညှစ်ဖက်ထားလေသော နေပိုင်ထွဋ်၏လက်များကိုလည်းသတိထားမိသွားသည်။

ခင်သက်မျက်လုံးဖွင့်ကြည့်လိုက်တော့
ဘုရားစူး သူမကွာရှင်းခွင့်တောင်းထားသောယောက်ျား၏ရင်ခွင်ထဲမှာတစ်ကိုယ်လုံးနစ်မြုပ်နေတာဖြစ်လေသည်။

ခင်သက်လည်း သိလျှင်သိချင်း သူ့ရင်ဘက်ကြီးတွန်းပြီး ရင်ခွင်ထဲကထွက်ဖို့ကြိုးစားသည်။

"ဘာလုပ်တာလဲ ဆက်အိပ်ပါဦး"

"လွှတ်ပေး "

"ဘာဖြစ်နေတာလဲ မနေ့ညကတော့တစ်ညလုံးကိုယ့်ရင်ခွင်ထဲမှာအိပ်ပြီးတော့"

ခင်သက် တစ်ညလုံးလို့ပြောလိုက်တာမို့ဘေးပတ်လည်ကိုကြည့်လိုက်တော့ ခင်သက်တို့အခု ကွန်တိုမှာဖြစ်သည်။

"အဲ့တာမူးနေလို့နေမှာပေါ့ အခုမအိပ်ဘူး ဖယ်ပေး"

"မပေးချင်ဘူး ခင်လေး ကိုယ်ဒီဖက်ထားတာကိုသဘောကျရဲ့သားနဲ့ဘာလို့ငြင်းနေတာလဲ"

"မကြိုက်ပါဘူး ဘယ်သူကပြောတာလဲ !"

"ခင်​လေးပြောတာပေါ့ "

"ကျွန်မက? မဖြစ်နိုင်တာ "

"တကယ်ပြောတာ မနေ့ညက ကိုယ်မင်းကိုဒီလိုဖက်ထားတာအရမ်းသဘောကျတာတဲ့ "

"ကိုနေပိုင်ထွဋ် မဟုတ်တရုတ်တွေလာလိမ်မနေနဲ့ ဖယ်ပေး ကျွန်မပြန်တော့မယ်"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now