Part (13) Uni/Zawgyi

22.5K 624 34
                                    

ပြန်လိုချင်တယ်

အပိုင်း (13)

နေပိုင်ထွဋ်တို့ ထိုမဟုတ်မမှန်သောသတင်းကိုစတင်ဖြန့်ချီတဲ့မူလ Website ကိုလိုက်ရင်း သတင်းပေးပို့လာသူကိုတစ်ဆင့်ထပ်လိုက်ကြသည်။ မကြာခင်မိနစ်၄၀မျှလောက်က ကြည်ပြာချိုသည် ကုမ္ပဏီရဲ့ ရှေ့နေ့နှင့်တာဝန်ရှိသူများဆီမှအဆက်အသွက်ရပြီး ဒီသတင်းစဖြန့်သောပုဂ္ဂိုလ်ဘယ်သူလဲဆိုတာ နေပိုင်ထွဋ်အားလာရောက်ပြောပြသည်။

နေပိုင်ထွဋ်အနေနဲ့ ဒီသတင်းဖြန့်သူသည် ရွှေအဆင်းရဲ့ပါပါရာဇီတစ်ယောက်ဟုသာထင်ခဲ့ပေမဲ့ တကယ်တော့ ရွှေအဆင်းရဲ့ပြိုင်ဘက် မှုံနံ့သာဖြစ်သည်။ သိလျှင်သိချင်း နေပိုင်ထွဋ်လည်း ကြည်ပြာချို့အား မှုံနံ့သာကို သူနဲ့တွေ့ဖို့ချိန်းဆိုခိုင်းလိုက်ပါသည်။ တရားစွဲမည်ဟူသည့်အတွက် မှုံနံ့သာလည်း နေပိုင်ထွဋ်ချိန်းဆိုသောနေရာသို့ရောက်လာခဲ့ရသည်။

နေပိုင်ထွဋ်က ဘယ်ရှေ့နေမှမခေါ်ခဲ့ဘဲ သူထိုင်နေကျ Resturant တစ်ခုကVIPအခန်းထဲမှာတစ်ယောက်တည်းစောင့်နေခဲ့ပါသည်။ မိနစ်အနည်းငယ်မျှအကြာမှာ မှုံနံ့သာဟာသူမရဲ့မန်နေဂျာမပါဘဲ နေပိုင်ထွဋ်၏နေရာသို့ရောက်လာခဲ့သည်။ မျက်နှာလည်းသိပ်မကောင်းဘဲစိုးရိမ်နေဟန်ရှိသော မှုံနံ့သာ၏ဖြူဖြူဖွေးဖွေးမျက်နှာကလေးအား နေပိုင်ထွဋ်သည်ရှေ့တည့်တည့်မှနေ၍လက်ပိုက်လျှက်ထိုင်ကြည့်နေသည်။

"ဘယ်လိုဖြစ်တာလဲ ကျွန်တော့်ကိုဖြေရှင်းချက်လေးပေးပါဦး အခုမှဒီလိုတိတ်ဆိတ်မနေသင့်ဘူးလေ"

မှုံနံ့သာလည်း အောက်နှုတ်ခမ်းကလေးကိုဖိကိုက်ပြီး နေပိုင်ထွဋ်ကိုမော့ကြည့်လိုက်သည်။

"ကိုနေပိုင်ထွဋ်တို့ဘက်က နံ့သာကိုပဲကမ်းလှမ်းထားခဲ့တာလေ နံ့သာကကိုနေပိုင်ထွဋ်တို့အတွက် အခြားကုမ္ပဏီတွေကကမ်းလှမ်းခဲ့တာတောင်လက်မခံဘဲ စောင့်နေခဲ့တာရှင့် အခုတော့ နံ့သာကိုတောင်ဘာမှအကြောင်းမကြားဘဲရွှေအဆင်းနဲ့စာချုပ်ချုပ်ပစ်လိုက်တယ် နံ့သာအနေနဲ့ဘယ်လိုခံစားရမလဲ ပြီးတော့နံ့သာနဲ့ရွှေအဆင်းရဲ့အခြေအနေကိုလည်းကိုနေပိုင်ထွဋ်တို့သိနေကြတာပဲ"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now