Part (48) Uni/Zawgyi

28.5K 808 16
                                    

ပြန်လိုချင်တယ်

အပိုင်း (48)

"ခင်လေး "

"ခင်လေး ထဦး "

နေပိုင်ထွဋ်သည် သူ့ပုခုံးကိုခေါင်းအုံးလုပ်ပြီးအိပ်နေသော ခင်သက်ကို နှိုးလိုက်သည်။

"ဟင် "

ခင်သက်က အိပ်ခင်မူးတူးနဲ့ခေါင်းလေးထောင်ကြည့်လိုက်တော့

"ကိုယ့်လက်ကြီးထုံနေလို့"

နေပိုင်ထွဋ်ကသူ့လက်ကိုဖြေးဖြေးချင်းကွေးယူလိုက်ပြီး ခင်သက်အား အခြားလက်တစ်ဖက်ဖြင့်ပွေ့ယူ၍သူ၏ဘယ်ဘက်သို့ရွှေ့လိုက်သည်။

"အမလေး ဘာလုပ်တာလဲ "

"ဒီဘက်လက်ပေါ်အိပ်"

ဆိုပြီး သူ့ရဲ့ဘယ်ဘက်ပုခုံးပေါ်သို့ခင်သက်ခေါင်းလေးတင်ပေးသည်။

"တော်ပါပြီ ရှင်လက်နှစ်ဖက်လုံးနာနေမှာပေါ့ခေါင်းအုံးတွေရှိနေတာကို "

"မရဘူး မင်းကို ကိုယ့်ရင်ခွင်ထဲပဲသိပ်ချင်တာ"

"အပိုတွေ"

နေပိုင်ထွဋ်က ခင်သက်မျက်စောင်းကလေးထိုးတာကိုပြုံးကြည့်ပြီး ခင်သက်အားအတင်းညှစ်ဖက်လိုက်တော့သည်။

"ခင်လေး "

"အင်း"

ခင်သက်က သူ့ရဲ့အင်္ကျီဝတ်မထားတဲ့ကျောပြင်ကိုပြန်ဖက်ထားရင်း အသာလေးပွတ်သပ်နေသည်။

"မင်း ကိုယ့်ကို ခွင့်လွှတ်ဖို့လုံလောက်ပြီလားဟင်"

"ကျွန်မ ရှင့်ကို အခွင့်အရေးပေးထားတာပဲ "

"မဟုတ်ဘူး ကိုယ်မင်းဆီကခွင့်လွှတ်ခြင်းကိုလိုချင်သေးတယ် ခင်လေး မင်းနှုတ်ကနေခွင့်လွှတ်ပါတယ်လို့မပြောမချင်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိတယ် "

ခင်သက် ဘာမှမပြောဘဲ နေပိုင်ထွဋ်ရင်ဘက်ကိုပါးနဲ့ကပ်ထားလျှက် ယောင်ယောင်ကလေးပြုံးလိုက်သည်။

"ခင်လေး...ကိုယ့်ကိုဖြေပါဦး "

နေပိုင်ထွဋ်က သူ့ရင်ခွင်ထဲကဇနီးကလေးကိုငုံ့ကြည့်ပြီးမေးလိုက်ပါသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now