Part (39) Uni/Zawgyi

21.2K 749 36
                                    

ပြန်လိုချင်တယ်

အပိုင်း (39)

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က..... .

"ကိုနေကလည်း အိမ်ခဏပြန်ရအောင်ပါဆို ဒီမှာရေလည်းမချိုးရသေးဘူး ဘာလို့အဘိုးကလည်းမလာမချင်းခေါ်နေတာလဲမသိဘူး"

"ကိုယ်တို့ ရဲ့ပထမဆုံးရင်သွေးလေးနဲ့ နှစ်ပတ်လည်နေ့အတွက်အကြိုဂုဏ်ပြုချင်လို့နေမှာပေါ့ ခင်လေးရယ်"

"ဒါပေမဲ့ တစ်ခုခုတော့လက်ဆောင်ဝယ်သွားဦးမှပေါ့ ကိုနေရဲ့ဒီတိုင်းကြီးမသွားချင်ပါဘူး ပြီးတော့မဟေမာန်ကလည်း ခင်လေး ကိုသိပ်ကြည်တာမဟုတ်ဘူး"

ခင်သက်က သူမရဲ့လက်ကိုင်အိတ်ကို ကားနောက်ခန်းထဲသို့လှမ်းထည့်လိုက်ရင်းပြောသည်။

နေပိုင်ထွဋ်သည်ခင်သက်ကိုပုခုံးကနေသိမ်းကျုံးဖက်ထားလိုက်ပြီး

"မလိုပါဘူးကွာ ဟေမာန်ထွဋ်မကြည်လည်းဘာဖြစ်လဲ သူကအဲ့သလောက်အရေးမပါဘူး "

"သူက ကလေးမရနိုင်ဘူးမလား အဲ့ဒီကျတော့ ခင်လေးက အားနာတာပေါ့ အဘိုးကအရမ်းမြှောက်ပြောနေမှာ"

"ဘာမှမဖြစ်ပါဘူးဆိုကွာ လာ..မသွားခင်ကိုယ့်ကိုနမ်းပါဦး "

ဟု ခင်သက်မျက်နှာကလေးကိုရင်ခွင်ထဲကနေဆွဲမော့လိုက်ပါသည်။ ခင်သက်ကနှုတ်ခမ်းကလေးကော့ညွတ်သွားအောင်ပြုံးပြ၍ ကားမမောင်းခင်နေပိုင်ထွဋ်နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်ပါသည်။

"တစ်ချက်တည်းလား ခင်လေးကလည်း"

"ဆိုင်ရှေ့ကြီးမှာ ဘယ်လိုဖြစ်နေတာလဲ "

"မဗိုက်ကလေးမို့ညှာနေတာနော် ဟွင်းဟွင်း!"

"ကိုနေ...လွှတ်တော့နော် အိမ်လည်းမပြန်ဘူးဆိုသေး အဘိုးအိမ်ကိုတော့သပ်သပ်ရပ်ရပ်လေးရောက်ချင်သေးတယ်"

နေပိုင်ထွဋ်ကခင်သက်ကိုယ်လေးကိုလွှတ်ပေးလိုက်ပြီး ရယ်နေသည်။

"အခုမှ အဲ့ဒီနှုတ်ခမ်းနီတွေပျက်သွားအောင်နမ်းပစ်ချင်လာပြီ"

ခင်သက်က နေပိုင်ထွဋ်လက်မောင်းကိုတစ်ချက်လှမ်းရိုက်တော့ နေပိုင်ထွဋ်ကခင်သက်ကိုထိန်းကိုင်လိုက်၍သူပစ်မှားနေတဲ့နီဆွေးသောနှုတ်ခမ်းကလေးကိုစုပ်နမ်းပစ်လိုက်တော့သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now