Part (47) Uni/Zawgyi

30.5K 844 49
                                    

ပြန်လိုချင်တယ်

အပိုင်း (47)

"ရောက်ပြီလား ငါက လာမှလာပါ့မလားလို့ "

ခင်သက်သည် Restaurant တစ်ခု၏ View ကောင်းကောင်းနေရာတစ်ခုမှာ နေ့လည်စာစားဖို့ချိန်းထားသော စိုင်းခမ်းစစ်အားထိုင်စောင့်နေခဲ့သည်။ ၁၀မိနစ်လောက်နောက်ကျပြီးမှရောက်လာသော စိုင်းခမ်းစစ်က ခင်သက်ရှေ့မှာဝင်ထိုင်လိုက်ပြီး

"မမသက်ခေါ်တာပဲ ကျွန်တော်ကဘာလို့မလာရမှာလဲ"

"နင်ငါ့ကိုစိတ်ဆိုးနေမလားလို့လေ"

ခင်သက်က စားပွဲပေါ်သို့တံတောင်ဆစ်ဖြင့်ထောက်လိုက်ရင်း စိုင်းခမ်းစစ်ကိုစိတ်ဆိုးမှာစိုးရိမ်နေမူနဲ့ပြောသည်။

စိုင်းခမ်းစစ်သည် ခရမ်းရောင်နားဆွဲအရှည်ကြီးနှစ်ခုကိုမြင်ရအောင်ဆံပင်ရှည်တွေကိုနောက်ဘက်သို့သိမ်းထားပြီး စျေးကြီးမိတ်ကပ်တွေလိမ်းထားသောခင်သက်၏မျက်နှာလှလှကလေးကိုကြည့်နေရင်းမျက်နှာလွှဲလိုက်သည်။

"စိတ်မဆိုးပါဘူး အသည်းကွဲတာပါ မတူဘူး"

စိုင်းခမ်းစစ်ပုံစံကသူမအပေါ်အေးစက်နေတာကိုခင်သက်ရိပ်မိပါသည်။ အစိမ်းရင့်ရင့်တီရှပ်ပွပွကြီးကိုဂျင်းဘောင်းဘီအမဲရောင်နဲ့ဖက်ရှင်ကျကျဝတ်ထားသည့် ရှမ်းကလေးသည် ရုပ်ရှင်မင်းသားဆိုတဲ့အတိုင်း မျက်နှာအမူအယာအပြောင်းအလဲမြန်တတ်လိုက်တာ။

"နင်ကလည်း ငါကနင့်ကိုငါ့ကြောင့်အဲ့သလိုကြီးမခံစားစေချင်ဘူး "

"အချိန်တစ်ခုတော့လိုတယ် မမသက် ကျွန်တော်ကလက်လက်ဆက်ဆက်အသည်းကွဲထားတာ "

"စိုင်းခမ်းစစ်ကလည်း အရင်လိုပျော်ပျော်ရွှင်ရွှင်နေကြရအောင်ပါ"

"ကျွန်တော် နေသားကျတဲ့အခါ မမသက်ပြောသလိုပြန်ဖြစ်လာမှာပေါ့ "

"တောင်းပန်ပါတယ် နင့်ကိုအဲ့လိုခံစားစေမိလို့"

"မမသက်အဲ့လိုပြောစရာမလိုပါဘူးမမသက်အဲ့ဒီလူကိုပြန်ရွေးဖို့မလိုပေမဲ့မမသက်ကရွေးချယ်ပြီးသွားပြီပဲ"

"နင်ကလည်း ငါတို့က...."

"တော်ပါပြီ အဲ့တာတွေမပြောပါနဲ့ ဗိုက်ဆာနေပြီဘာမှာထားတာလဲ "

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now