Part (17) Uni/Zawgyi

21.5K 683 43
                                    

ပြန်လိုချင်တယ်

အပိုင်း (17)

ခင်သက်မှာ ပန်းအိနှင့်ကောင်းခန့်တို့အား ဒီနေ့ဆိုင်ကိုပြန်လာဖြစ်မည်မဟုတ်တော့တာကြောင့် ညနေအလုပ်ဆင်းချိန်ရောက်လျှင်တံခါးတွေသေချာပိတ်ပြီးပြန်ကြဖို့မှာထားခဲ့ရသည်။

စိုင်းခမ်းစစ်ဟာ ကားပေါ်သို့ဆွဲမတင်ရုံတမည်ခေါ်လာတာမို့ ခင်သက်လည်းကားပေါ်ရောက်မှပဲသက်ပြင်းချနိုင်တော့သည်။ သူကတော့ ခင်သက်ရဲ့ကားကိုသူ့ကားလို့သဘောထားပြီးမောင်းနေတာဖြစ်သည်။

"ရှေ့နားက Mini Market မှာရပ်ပေးနော် ငါဘာမှမဝယ်ပဲလူချည်းသွားလို့တော့မဖြစ်ဘူး "

"အင်းပါ "

ခင်သက်ရပ်ခိုင်းသော Mini Market ရှေ့မှာ သူကကားရပ်ပေးတော့ခင်သက် ကပိုက်ဆံအိတ်ကိုင်ပြီးကားပေါ်ကနေဆင်းသွားခဲ့သည်။

"လိုက်မလာနဲ့နော် မကြာဘူး"

"အင်းပါဆို"

စိုင်းခမ်းစစ်ကစိတ်ချရတာမဟုတ်လို့ ခင်သက်မှာ ဆိုင်ထဲမဝင်ခင်လှည့်ကြည့်ရသေးသည်။ 

စိုင်းခမ်းစစ် ကားပေါ်ကနေ သီချင်းလေးခပ်တိုးတိုးဖွင့်ပြီးစောင့်နေခဲ့တာ ၁၅ မိနစ်လောက်ထိအထဲကနေထွက်မလာသေးသောကြောင့် ကားမှန်ချပြီး သူမဝင်သွားတဲ့ Mini Market ဘက်သို့ မျှော်ကြည့်နေရသည်။

🎵Take me back 'cause I wanna stay

Save your tears for another

Save your tears for another day

Save your tears for another day 🎵

The Weeknd ရဲ့ Save your tears သီချင်းကို ခပ်တိုးတိုးငြီးရင်း Mini Market ထဲကထွက်လာတဲ့လူတွေကိုတစ်ယောက်ချင်းလိုက်ကြည့်နေခဲ့သော စိုင်းခမ်းစစ်သည် ချက်ချင်းပဲကားထဲကနေပြေးထွက်လာခဲ့သည်။ အကြောင်းအရင်းကတော့ ခင်သက်ဟာ လက်နှစ်ဖက်လုံးအိတ်အထုပ်ပေါင်းများစွာကြီးငယ်ဆွဲလာသောကြောင့်ဖြစ်သည်။ ခင်သက်ရဲ့ဘယ်ဘက်လက်ထဲက သစ်သီးတွေထည့်ထားသောအထုပ်အလေးကြီးကို စိုင်းခမ်းစစ်လှမ်းယူလိုက်ပြီး ညာဘက်ကလက်ထဲကအမေနဲ့ပူတူတူးတို့ကြိုက်တတ်သည့်မုန့်မျိုးစုံနှင့် မမမာလာချက်စားနေကျအသင့်လုပ်စားရတဲ့မာလာရှမ်းကောအထုပ်တွေပါတဲ့ ကြွပ်ကြွပ်အိတ်ကိုလည်း သူပဲသယ်ယူလေသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now