Part (15) Uni/Zawgyi

24.2K 686 52
                                    

ပြန်လိုချင်တယ်

အပိုင်း (15)

ခင်သက် သူထိန်းကိုင်ထားသောလက်ကိုရုန်းဖယ်ပြီးပြောလိုက်တော့ သူကဒေါသငယ်ထိပ်တက်သွားပုံရသည်။ ခင်သက်ရဲ့လက်ကိုင်အိတ်ကိုလည်းပြန်မပေးဘဲ ခင်သက်ကိုလက်မောင်းကနေဆွဲပြီးဟိုတယ်အခန်းထဲသို့ ဆွဲခေါ်လာသည်။ ခင်သက်လည်းသူအလျှင်အမြန်ဆွဲခေါ်လိုက်သောကြောင့် အခန်းတံခါးရှေ့ကနေအခန်းထဲသို့ခြေတစ်လှမ်းနဲ့ရောက်လာခဲ့၏။

အခန်းက ခင်သက်ထင်သလို အခန်းလွတ်မဟုတ်။ မွေ့ယာပေါ်မှာဂိမ်းဆော့နေသောသန့်ဇင်အောင်၊ ရေချိုးခန်းထဲကနေဝုန်းကနဲထွက်လာသောဇေယျာဝင်းတို့ကိုတွေ့ရသည်။

"မြင်ပြီလား!"

နေပိုင်ထွဋ်က ဘာကိုရည်ရွယ်ပြီးမေးသလဲဆိုတာခင်သက်သဘောပေါက်သည်။ သူဆိုလိုချင်တာဟာ ကောင်မလေး၂ယောက်ခေါ်ပြီးသရီးစမ်းကြတာ သူမဟုတ်၊သန့်ဇင်အောင်နဲ့ဇေယျာဝင်းသာဖြစ်ကြောင်းဖြစ်သည်။

"ငါအခုမှဒီအခန်းထဲကိုဝင်ဖို့တံခါးဖွင့်နေတာ ဟိုကောင်မလေးတွေကထွက်အလာနဲ့တိုက်ဆိုင်သွားတာ မင်းဟာမင်းထင်ချင်ရာတွေစွတ်ထင်မနေနဲ့"

ခင်သက်ကိုသူ့သူငယ်ချင်းတွေရှေ့မှာတင်ရှင်းပြနေတာမို့ ခင်သက်သူ့ကိုဘာပြောရမှန်းမသိတော့ဘဲ သန့်ဇင်အောင်နဲ့ဇေယျာဝင်းတို့ပြူးကြည့်နေတာကိုခံနေရသည်။

"ခင်သက်တင်ရောလိုက်လာတာလား ဟေ့ကောင် မင်းကလည်းပြောလေကွာ ငါတို့ကမင်းတစ်ယောက်တည်းလာမှာထင်ပြီး လုပ်ချင်ရာတွေလုပ်နေကြတာ! "

သန့်ဇင်အောင်က ဇေကြီးကိုအင်္ကျီဝတ်ရန်ပစ်ပေးပြီး ဒီနေ့ဟိုတယ်မှာ ကဲမယ့်အကြောင်းပြောထားရဲ့သားနဲ့မိန်းမပါခေါ်လာသောနေပိုင်ထွဋ်အားအပြစ်တင်ပြောဆိုနေသည်။

"မဟုတ်ပါဘူး ရှင်တို့လွတ်လွတ်လပ်လပ်နေကြပါ ကျွန်မအခုပြန်တော့မှာ "

ခင်သက်က မျက်နှာလည်းပူစွာနှင့် နေပိုင်ထွဋ်ဆီကလက်ကိုင်အိတ်ကိုဆွဲယူပြီးပြန်ဖို့လုပ်သည်။ ဒါကိုနေပိုင်ထွဋ်ကလွယ်လွယ်နဲ့ပြန်မပေး။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now