Part (45) Uni/Zawgyi

26.2K 800 22
                                    

ပြန်လိုချင်တယ်

အပိုင်း (45)

Ring>>>ring >>>ring >>>>

"မနက်အစောကြီး ဘယ်သူကအလိုက်မသိဖုန်းဆက်နေတာလဲ "

နေပိုင်ထွဋ်သည် ခင်သက်ကိုသူ၏ဘယ်ဘက်လက်မောင်းပေါ်သို့ပေးအိပ်ပြီး ညာဘက်လက်ဖြင့်ခေါင်းရင်းက ဖုန်းကိုယူကြည့်လိုက်သည်။
ဖုန်းဆက်သူကတော့ ထင်မထားတဲ့ဟေမာန်ထွဋ်နေလေသည်။

နေပိုင်ထွဋ်လည်း ဘာကိစ္စများရှိနေလို့လဲဟု ဖုန်းလက်ခံပြောဆိုလိုက်သည်။

"ဟယ်လို "

"အခု အိမ်ကိုလာခဲ့လို့ရမလား"

"ကျွန်တော်နဲ့အဲ့ဒီအိမ်ကပြဿနာတွေနဲ့ဘာမှမပတ်သတ်တော့ဘူးလို့ထင်တယ်"

"အဘိုးက တော်တော်နေမကောင်းဖြစ်နေတယ် ပြီးတော့ နင့်ကိုပဲမေးနေတယ် "

"ကျွန်တော်မလာတဲ့အကြောင်းပြောလိုက်ပေါ့"

နေပိုင်ထွဋ်က ဖုန်းချပြီး ဖုန်းကိုခေါင်းရင်းဘက်သို့ပြန်ထားလိုက်၍ ခင်သက်ကိုအသာလေးပြန်ဖက်ထားလိုက်သည်။

"မဖက်နဲ့တော့ ထတော့မယ်"

"ခင်လေးနိုးသွားတာလား "

"အင်းဆိုင်သွားရဦးမယ်"

ခင်သက်ကနေရာမှထဖို့ကြိုးစားရင်း

"အာ့..."

ချက်ချင်းမထနိုင်ဘဲပေါင်တွေအရမ်းကိုက်နေသည်။

"ဘာဖြစ်လို့လဲ နာလို့လား"

နေပိုင်ထွဋ်က ထထိုင်လိုက်ပြီး အိပ်ယာပေါ်မှာပက်လက်ဖြစ်နေတဲ့ခင်သက်အားစိုးရိမ်နေသည်။

"မနေ့က မတ်တပ်ကြီးဆိုတော့ခြေထောက်တွေကညောင်းပြီးနာနေတာ"

"ကိုယ်နှိပ်ပေးမှာပေါ့ "

နေပိုင်ထွဋ်က ပြောရင်းဆိုရင်း ခင်သက်ခြုံထားတဲ့စောင်ကိုဆွဲလှန်လိုက်တော့ ခင်သက်ကခန္ဓာကိုယ်ကလေးကျုံ့သွားသည်။

"ဘာလို့ဆွဲလှန်တာလဲ မပြောမဆိုနဲ့"

အတွင်းခံပဲဝတ်ထားတဲ့ခင်သက်က ရှက်ပြီးလက်နှစ်ဖက်နှင့်ပင်တီလေးအပေါ်မှာကာထားလိုက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now