Part (3) Uni/Zawgyi

28K 842 40
                                    

ပြန်လိုချင်တယ်

အပိုင်း (3)

"မလိုက်ဘူးလို့ပြောနေတယ်နော် ကိုနေပိုင်ထွဋ် ရှင် ကျွန်မကိုဒါမျိုးအတင်းအကြပ်ခေါ်လို့မရဘူး"

သူမတို့စကားများလာခဲ့ကြတာက အိမ်ပြန်ရောက်တဲ့အထိမပြီးကြသေးပါ။

ခင်သက်က သူမရဲ့ဆလင်းဘတ်အိတ်ကိုအိတ်တွေထားတဲ့စင်ပေါ်မှာသွားတင်ရင်း ဒီနေ့အဘိုးအိမ်ကိုလိုက်ကိုလိုက်ရမယ်လို့ခေါ်နေသော ခင်ပွန်းဖြစ်သူအားအော်ပြောနေသည်။

"အကြောင်းပြချက်ပေး မင်းဘာလို့မလိုက်ချင်တာလဲ အကြောင်းပြချက်ပေး!"

နေပိုင်ထွဋ်က ခင်သက်နဲ့သူနဲ့ရဲ့အသုံးအဆောင်ပစ္စည်းများရှိသောအခန်းကျဥ်းကလေးရဲ့အပေါက်ဝမှာ လက်ပိုက်လျှက်မတ်တပ်ရပ်ပြီး ခပ်အေးအေးပြန်မေးနေသည်။

သူမတို့အခန်းPassword ရိုက်နှိပ်တုန်းကတောင် သူ့အသံကဒါမျိုးမဟုတ်။ ရုတ်တရက်ကြီး လေအေးလေးနဲ့အကြောင်းပြချက်တောင်းနေပြန်တော့ခင်သက်မျက်နှာတင်းထားတာကအနည်းငယ်မဲ့ကျသွားသည်။

အကြောင်းပြချက်?
အကြောင်းပြချက်ကို ခင်သက်ပြောသင့်သလား။

"ကွာရှင်းကြတော့မယ့် လင်မယားကြားမှာ မိဘအိမ်အတူမသွားချင်ရတဲ့အကြောင်းပြချက်ကလိုသေးတာလား"

ခင်သက်က နေပိုင်ထွဋ်ရဲ့ပုခုံးတစ်ဖက်ကိုတွန်းတိုက်ပြီး အခန်းကျဥ်းကလေးထဲကနေထွက်သွားလေတော့ နေပိုင်ထွဋ် နောက်ကနေလိုက်ရပြန်သည်။

"ခင်သက်တင် မင်းတစ်ထစ်ရှိဒီကွာရှင်းမယ့်အကြောင်းပဲပြောနေတာ မင်းငါနဲ့တအားကွဲချင်နေတာလား"

နေပိုင်ထွဋ်စကားကိုကြားတော့ ခင်သက်သူမရဲ့ဝတ်စကုတ်ကိုချွတ်နေရင်းမှ အင်္ကျီလဲဖို့ထက်နေပိုင်ထွဋ်ကိုရန်တွေ့ဖို့ပိုပြီးအားသန်လာသဖြင့် နေပိုင်ထွဋ်နဲ့ခပ်နီးနီးမှာသွားရပ်လိုက်သည်။

"နေပါဦး ရှင်ကအခုမှဘာတွေလာမေးနေတာလဲ ရှင်ကုမ္ပဏီရဲ့ဥက္ကဌဖြစ်တာနဲ့ကွာရှင်းကြမယ်လို့သဘောတူထားတာ ဘယ်တုန်းကလဲ ရှင်နဲ့ကွဲချင်နေတာအခုမှမဟုတ်ဘူး ၁နှစ်ကျော်နေပြီသိလား!"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now