p4/S3(Z&U)

837 14 0
                                    

အပိုင်း 4

   " စလယ်ရီ "
" အို "
" ကို ဟာ မင်းကို တွေ့ဖို့ အနှစ် ၂၀ကြာ
တဲ့အထိစောင့်နေခဲ့ရတာပါ စလယ်ရီ၊ ကို
ဟာ ပင်လယ်ကို  အထီးကျန်နတ်ဘုရားရဲ့ စေစားရာကနေ ချစ်မိခဲ့တဲ့လူတစ်ယောက်ပါ၊ တစ်နေ့ ကို ၁၀နှစ်အရွယ်တုန်းက ပင်လယ်
ပြင်ကနေ အလင်းတန်းတစ်ခု ကို့ နှလုံးသား
တည့်တည့်ကို ဝင်ရောက်လာခဲ့တယ်၊ အဲ့ဒီက
နေတဆင့် ပင်လယ်ရေသတ္တဝါတွေပြောသမျှကို နားလည်ခဲ့တဲ့ မာဂဓဘာသာစကားလိုလို စွမ်း ရည်တစ်ခုရခဲ့သလို၊ ပင်လယ်ပြင်က ဖန်တီးစေ
ခဲ့တဲ့ ကို့ ပန်းချီကားတွေဟာလည်း မီလျှံနဲ့ချီပြီး ရောင်းရတဲ့အထိ တန်ဖိုးရှိလွန်းတဲ့ ပန်းချီကား တွေကိုလည်း ရေးဆွဲနိုင်ခဲ့တယ်"

  "  ဒူးမထောက်ပါနဲ့ ဇုရယ်၊ ဇုဟာ ကျွန်မထက်
အသက်အရွယ်အားဖြင့် ကြီးတဲ့သူမလား"

"ဟင့်အင်း ကိုဟာ မင်းကို ခစားပါရစေဆိုတဲ့သဘော
နဲ့ ဒူးထောက်ခစားတာပါ၊ ငွေကြေးပိုင်းနဲ့ ပတ်သတ်
လို့ အကုန်တာဝန်ယူပေးဖို့အသင့်ပါ၊ ဒါပေမယ့်
ပင်လယ်ပြင်က နှလုံးသားကို ဖွင့်ဖို့နဲ့ ခုနှစ်ဆောင်
နန်းတော်ကို ဆရုဏ်းတွေ လက်က ပြန်လည်ကယ်
ပေးဖို့အတွက် ကို မတတ်နိုင်ဘူး စလယ်ရီ"

  " အို စလယ်ရီလို သာမန်လူတစ်ယောက်က ဘယ်လိုလုပ် စွမ်းနိုင်မလဲ"
  " ဒါကတော့ ကို့ကို စလယ်ရီ အသုံးပြုပြီး
တဖြည်းဖြည်း စွမ်းအင်ကို ရအောင် လုပ်ရမှာပါ၊
ဒီမှာကြည့်ပါ ဒီလက်ဖျံမှာ ပေါ်လာတာက စလယ်ရီ
နာမည်၊ ပြီးတော့ ဒီမယ်"

"အို ဒါက"
"မရှက်ပါနဲ့ စလယ်ရီ၊ စိတ်တော့မရှိပါနဲ့၊ ကို အပေါ်
ဝတ်ကို ချွတ်လိုက်မယ်နော်"

"……"
" ဒီမှာ ကို့ရင်ဘတ်နှလုံးသားနေရာကိုကြည့်ပါ"
"ဟင် စလယ်ရီပုံနဲ့တူနေပါ့လား၊ ဒါပေမယ့်
သူက ရေသူမလေးနော်"
" ဒါဟာ စလယ်ရီပါပဲ၊ ပြီးရင် အောက်ကစာသား
ကိုကော ဖတ်ကြည့်ပါ"
"ပင်လယ်ငိုသည့်ညက စလယ်ရီ ပျောက်သွားသည်
ဟုတ်လား ဇု"

  " အင်း ဒါကို ကို စဉ်းစားကြည့်နေတာ"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ ဇု၊ ခုနတုန်းကတောင်
ပင်လယ်ရေလှိုင်းတွေက သိပ်ကြောက်စရာကောင်း
တာပဲ ဇု၊ စလယ်ရီတို့ ထွက်ပြေးလာတော့ ရေလှိုင်း
တွေနားမှာ အလင်းရောင်တွေကိုတောင် မြင်မိခဲ့သေး
တယ် ဇု"

Love + Love [Normal Fiction]Where stories live. Discover now