Part 1

377 50 4
                                    

Immune
Part 1

Chanyeol POV:

ဒီဇင်ဘာလ လယ်ပိုင်းဖြစ်သောကြောင့် နှင်းများ စတင် ကျဆင်းနေပြီဖြစ်သည်။ Sehun ဖုန်းခေါ်ပြီး သူ့ ဒရမ် မှာ တစ်ခုခုချို့ယွင်းနေကြောင်း Chayeol  ကိုပြောတဲ့အတွက်ကြောင့် Oh မိသားစု အိမ်ကိုသွားပြီး ပြန်ထွက်လာတာဖြစ်သည်။ Chanyeol က ဒရမ်နဲ့ အခြား တူရိယာတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်သူဖြစ်သည်။

သူအကြိုက်ဆုံးကော်ဖီဆိုင် Universe ကိုဝင်ပြီး iced americano ကို ခရင်မ်များများ၊ သကြားပိုထည့်ပြီးသောက်ရန် ဝင်လိုက်သည်။ ကံဆိုးတဲ့နေ့ရက်တစ်ရက်ကို သူပိုင်ဆိုင်ခဲ့ရတယ်မဟုတ်လား။

ဒီမနက် Chanyeol အိပ်ယာနိုးလာတော့ တစ်ခုခုကိုလိုအပ်နေသလို ခံစားခဲ့ရပြီး စိတ်ရှုပ်ထွေးနေခဲ့သလို သူ့ရဲ့ အမူးလွန်နေခြင်းကလည်း ခံစားရတာကို ပိုဆိုးဝါးနေစေခဲ့သည်။

Chanyeol အိမ်ကို ပြန်ရောက်တော့ သူ့ရဲ့ ချစ်စရာ ညီငယ်လေး Chenle နဲ့အတူ သူ့ရဲ့ငယ်သူငယ်ချင်းကြီး Jongdae ကိုပါ ဆိုဖာမှာထိုင်နေတာ တွေ့လိုက်ရသည်။

"Jongdae?"

Chanyeol အံ့ဩတကြီးနဲ့ အော်လိုက်မိသည်။

"မင်း ထိုင်ဝမ်မှာရှိနေရမှာ မဟုတ်ဘူးလား"

သူပျော်နေတာကို မသိသာအောင် ဖုံးကွယ်ရင်း Jongdae ကို မေးခွန်းမေးလိုက်သည်။
Chanyeol ရဲ့ လေးလေးနက်နက်မေးခွန်းကိုကြားတာနဲ့ Jongdae က မော့ကြည့်သည်။

"Chanyeol!!"

Jongdae ရဲ့ အော်သံကြောင့် Chanyeol ရော Chenle ပါ နားကိုလက်နဲ့အုပ်ကာလိုက်ရသည်။

"မတွေ့တာ ၃ နှစ်ကြာတာတောင် မင်းပထမဆုံးမေးတဲ့မေးခွန်းကဒါလား
အ...နာတယ်ဟ"

Chanyeol က Jongdae နဖူးကို လက်နဲ့တောက်လိုက်သောကြောင့် အော်သံထွက်လာခြင်းဖြစ်သည်။

"မင်းက ရုတ်တရက်ကြီးပေါ်လာတာကို
ငါက တခြားဘာပြောနိုင်ဦးမှာလဲ"

"ငါမင်းကို အရမ်းသတိရနေတာ
မင်းအတွက်အနှောက်အယှက်ဖြစ်လောက်ပေမဲ့ပေါ့"

Jongdae ကပြောနေရင်းပဲ Chanyeol ကိုပွေ့ဖက်လိုက်သည်။ Chanyeol ဆိုတာကလည်း Jongdae ကို ပြန်ပြီးပွေ့ဖက်ဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်မနေတတ်သူဖြစ်သည်။ တခြားသူတွေနဲ့တော့ အဲ့ဒီလို လက်ပွန်းတတီးမနေတတ်ပေမဲ့ Jongdae နဲ့ရင်းနှီးလာတာကြာပြီးနောက် သူက ခြွင်းချက်ဖြစ်လာခဲ့တော့သည်။

IMMUNE [Translation]Where stories live. Discover now