Part 4

218 38 1
                                    

Immune
Part 4

Mark POV:

"Hello, Chenle"

"အစ်ကို Mark"

"Chenle မင်း အစ်ကို Chanyeol ကိုရှောင်နေတာ ငါသိတယ်
ဒါပေမဲ့ အဲ့လိုလုပ်နေတာက အခြေအနေကို ပိုဆိုးသွားအောင်လုပ်နေသလိုပဲ"

"ဒါပေမဲ့ Mark သူကအရမ်း စိတ်ပုတ်တယ်"

"မင်းသူနဲ့ စကားမပြောချင် မမြင်ချင်ပေမဲ့လည်း ငါတို့ နေ့လည်စာတူတူစားကြရမယ်"

"ဒါပေမဲ့ အစ်ကို..."

"Please, Please Chenle.."

"ပြီးရောလေ ဒါပေမဲ့ ကျွန်တော့်ကို လူတစ်ယောက်ခေါ်လာခွင့်ပေးရမယ်နော်"

Mark က ခဏလောက် စဉ်းစားပြီးမှ...

"Okay"

Mark ဖုန်းကို Chanyeol စားပွဲပေါ် ပြန်တင်လိုက်ပြီး...

"ဒီမှာ...ကျွန်တော် သူ့ကိုနေ့လည်စာစားဖို့ ချိန်းလိုက်ပြီးပြီနော်"

Chanyeol ခေါင်းငြိမ့်လိုက်ရင်း သူ့ပစ္စည်းများကို သိမ်းလိုက်သည်။

"Chanyeol-ssi "

Chanyeol, Mark ကိုမော့ကြည့်ရင်းထူးလိုက်သည်။

"ဘာလဲ"

"Chenle က သူနဲ့အတူတူ တစ်ယောက်ယောက်ခေါ်ခဲ့မယ်တဲ့"

"ဘယ်သူလဲ"

Chanyeol ပြန်မေးရင်း ကားဒရိုင်ဘာကို လာကြိုပေးရန်ဖုန်းခေါ်လိုက်သည်။

💫

Chenle POV:

Chenle ဖုန်းချလိုက်ပြီးတာနဲ့ သူတို့အိမ်နဲ့နီးတဲ့ Sehun တို့အိမ်ဆီ သွားလိုက်သည်။
အိမ်ရှေ့ရောက်တာနဲ့ တံခါးလာမဖွင့်မချင်း အဆက်မပြတ်ခေါက်နေလိုက်သည်။

"Chenle, မင်းဒီမှာဘာလုပ်နေတာလဲ"

"K-Key"

တံခါးလာဖွင့်တဲ့ Key က စိတ်ရှုပ်ထွေးသွားတဲ့ပုံနဲ့ Chenle ကိုကြည့်နေသည်။

"အင်း...မင်းဒီကိုဘာလာလုပ်တာလဲ"

"အစ်ကို Sehun ဘယ်သွားလဲ သိလား"

"အင်း...သူ Kyungsoo အိမ်မှာလို့ထင်တာပဲ
သူမပြောသွားတော့ ငါလည်း သေချာမသိဘူး"

IMMUNE [Translation]Where stories live. Discover now