Part 3

239 39 1
                                    

Immune
Part 3

Sehun POV:

"Jongdae, Chanyeol ကို ဒီနေ့အိမ်စောစောပြန်မှာလားလို့ မေးလိုက်ပါဦး"

Sehun က Jongdae အိမ်က ဆိုဖာမှာထိုင်နေရင်း လေသံလေးနဲ့ မပွင့်မလင်းလှမ်းပြောသည်။

"မင်းဘာသာ သွားမေးပါလား ငါသူနဲ့ စကားမပြောဘူး"

"ဘာလို့လဲ"

Sehun က ဝတ်ကျေတန်းကျေသဘောနဲ့သာမေးလိုက်သည်။ သူတို့ဘာလို့စကားမပြောလဲ သူတကယ်ကို စိတ်မဝင်စားပေ။

"သူက ငါ့ရဲ့ Chenle ကို စိတ်မကောင်းဖြစ်အောင်လုပ်တယ်"

"ငါ့ရဲ့ Chenle?"

Jongin က ဧည့်ခန်းထဲကို လှမ်းဝင်လာရင်း မေးလိုက်သည်။ Jongdae က မကြည်သလို ကြည့်လိုက်ရင်း...

"ဘာလိုချင်ပြန်တာလဲ အမေက အစ်ကို့အကောင့်ထဲကို မနေ့ကပဲ 2000 ထည့်ထားပေးပြီးသားနော်
အကုန်သုံးလိုက်ပြီလိုတော့မပြောနဲ့ ကျွန်တော့်ထဲနည်းနည်းမှ မပေးနိုင်ဘူး"

"မဟုတ်ပါဘူး ငါ့မှာ တစ်ဝက်ကျန်သေးတယ်"

Jongin က ပိုက်ဆံအကုန်လုံးကို အမြန်မသုံးဘဲ ထိန်းထားနိုင်သည့်အတွက် ဂုဏ်ယူဝင့်ကြွားပြန်ပြောသည်။ Sehun က Jongin စကားကြောင့် ချက်ချင်း ခေါင်းထောင်လာသည်။

"ဘယ်လို အလိမ်အညာစကားလဲ
မင်းပိုက်ဆံမသုံးဘဲ ၂ နာရီလောက်တောင် မနေနိုင်ပါဘူး"

"တကယ်တော့ ငါလေ ကုန်တိုက်မှာ ကောင်လေး သေးသေးလေးကို တွေ့ခဲ့တယ်
ခုံတန်းမှာထိုင်ပြီး Pepero စားနေတာ ပြီးတော့...ဘုရားရေ သူက တကယ်ကိုပဲ ငါမြင်ဖူးသမျှထဲမှာ ချစ်စရာအကောင်းဆုံး အိအိစက်စက်လုံးလုံးလေး
အဲ့ဒါကြောင့် ငါ ပိုက်ဆံသုံးချင်စိတ်ပျောက်သွားတာ"

Jongin က သူမြင်ခဲ့တဲ့ကောင်လေးကို မျက်လုံးထဲ ပြန်ဖော်ရင်း ပြောလိုက်သည်။

"ဘယ်လို ကလေးလဲ"

Sehun က ရယ်ရင်းပြောတော့ Jongin က မျက်စောင်းနဲ့ကြည့်သည်။

"သေချာတယ် အဲ့ကောင်လေးက ငါတို့အရွယ်ပဲ
ငါဓာတ်ပုံရိုက်လာခဲ့တယ်..."

"ဘာ ဘယ်လို ဟာသမျိုးလဲ
ဓာတ်ပုံရိုက်လာခဲ့တယ်ဟုတ်လား ခဏလေး ရီရတာသေတော့မှာပဲ"

IMMUNE [Translation]Where stories live. Discover now