Part 8

173 24 0
                                    

Immune
Part 8

Chanyeol ရင်ဘတ်ပေါ်မှာအိပ်ပျော်နေသည့် နူးညံ့အိစက်နေသော မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။

"အစ်ကို ကျွန်တော်ပြန်လာပြီ"

အိမ်ရှေ့တံခါးကိုဖွင့်လိုက်သည့်အသံနှင့် လှုပ်ရှားသံတို့ကြောင့် Kyungsoo နိုးလာသည်။ ကြားလိုက်ရသည့်အသံပိုင်ရှင်ကို သိသွားတော့ Chanyeol ခေါင်းထောင်သွားသည်။ Shit...ဒုက္ခတော့ရောက်ပြီ။ Chanyeol ဆံပင်တွေကြားလက်ထိုးဖွလိုက်သည်။

"Park Chanyeol မင်းဒီမှာဘာလုပ်နေတာလဲ"

အိပ်ယာပေါ်ကဆင်းပြီး ရေချိုးခန်းထဲဝင်ဖို့လုပ်နေတဲ့ Chanyeol ကို Kyungsoo က အသံအုပ်အုပ်နဲ့ လှမ်းပြောလိုက်သည်။

သူက  ငါ့အခန်းထဲမှာဘာလုပ်နေတာလဲ။ မနေ့ညတုန်းက သူဧည့်သည်အခန်းမှာ အိပ်ဖို့ထွက်သွားခဲ့တာမဟုတ်ဘူးလား။

"အစ်ကို နိုးနေပြီလား"

Sehun က အခန်းတံခါးဝကနေ ခေါင်းတိုးဝင်လာပြီး မေးလိုက်သည်။ Kyungsoo ရဲ့ အိပ်ယာနိုးကာစ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ boxer တစ်ထည်သာဝတ်ထားသောပုံကို မြင်မြင်ချင်း Sehun မျက်နှာတွေ ပူလာသည်။
သူ့မျက်လုံးတွေသူ လက်နဲ့ကာလိုက်ရင်း...

"အစ်ကို...ကျွန်တော့်ရဲ့ ဖြူစင်တဲ့ မျက်လုံးလေးတွေကို အရောင်ဆိုးဖို့ ကြိုးစားနေတာလား"

Kyungsoo က ရယ်လိုက်ရင်း ကြမ်းပေါ်က ခေါင်းစွပ်ဆွယ်တာကို ကောက်ဝတ်လိုက်တော့ သူ့ပခုံးထက်ကြီးကာ လျောကျနေသည်။ အိပ်ယာပေါ်က ဆင်းလိုက်တာနဲ့ မနေ့ညကကိစ္စကြောင့် နာကျင်သွားပြီး မျက်နှာကို ရှုံ့လိုက်သည်။ Sehun သတိမထားမိသောကြောင့် Kyungsoo စိတ်သက်သာရာရသွားသည်။

"ဘယ်တုန်းက Burberry တံဆိပ်ဝတ်ဖူးလို့လဲ"

Sehun က မျက်ခုံးတွေတွန့်ချိုးရင်းမေးလိုက်သည်။ Kyungsoo တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူဝတ်ထားတဲ့ဆွယ်တာ ရဲ့ တံဆိပ်ကို ငုံ့ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်က ဆွယ်တာက...သူ့ဟာမဟုတ်ဘဲ Chanyeol အင်္ကျီဖြစ်နေတာပဲ။

"အင်း..ဟို...ငါ့အဖေ ပို့ပေးတာ"

Kyungsoo က ပြုံးပြီးပြောလိုက်တော့ Sehun လည်း ဘာမှဆက်မမေးတော့။

IMMUNE [Translation]Where stories live. Discover now