Part 20

210 29 3
                                    

Immune
Part 20

လူတိုင်းက Jongdae ကို လုံးဝအံ့ဩထိတ်လန့်သွားတဲ့ အမူအရာနဲ့ကြည့်နေကြသည်။ Jongup က Jongdae ရိုက်လိုက်တဲ့ သူ့ပါးတစ်ဖက်ကို လက်နဲ့အုပ်ကိုင်ထားသည်။ Jongup က တစ်ခုခုပြန်မလုပ်ခင် Jongin က သူ့ညီလေးကို ပွေ့ဖက်ကာ ကာကွယ်ထားလိုက်သည်။

"Baekhyun ကို စိတ်နဲ့တောင် မပစ်မှားနဲ့"

Baekhyun ရဲ့ ကြယ်သီးမတပ်ထားတဲ့ ရင်ဘတ်နေရာကို ကြည့်နေသည့် Jongup ကို jongdae က အော်ပြောသည်။

"ဘာမှ..ဘာမှမဖြစ်ဘူး Jongdae"

Baekhyun က အင်္ကျီကြယ်သီးတွေကို သေချာပြန်တပ်ရင်းပြောသည်။ Jongup က သူတို့နှစ်ယောက်လုံးကိုကြည့်ပြီးနောက် အရှုံးသမားတစ်ယောက်လို အိမ်ထဲကနေ အမြန်ပြေးထွက်သွားခဲ့သည်။ Jongdae သက်ပြင်းဖွဖွလေးချလိုက်ရင်း သူ့ကိုကြည့်နေတဲ့ Sehun နဲ့ Jongin ဘက်ကို မျက်နှာချင်းဆိုင်လိုက်သည်။

"ရှင်းပြရမယ်မလား"

Jongdae ပြောဖို့လုပ်နေတုန်းမှာပဲ Baekhyun က သူတို့ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို အစ်ကို နှစ်ယောက်ဆီ ဖွင့်ပြောလိုက်တော့သည်။

Chanyeol POV:

လွန်ခဲ့တဲ့နှစ်နာရီက ကျွန်တော် လက်ထပ်ခွင့်တောင်းလိုက်ပြီးတာနဲ့ သူအခန်းတံခါးပိတ်ပြီးနေနေခဲ့တာဖြစ်သည်။ နောက်ဆုံးတော့ သူအခန်းပြင်ထွက်လာခဲ့သည်။ နံရံမှာ ကပ်ပြီးလုပ်ထားတဲ့ ငါးကန်ထဲက သူ့ငါးလေးတွေကို အစာကျွေးချိန်ရောက်လာသောကြောင့်ဖြစ်သည်။

"Kyungsoo yah...ခဏ ခဏလေးနေပါဦး"

ကျွန်တော့်ကို လုံးဝဂရုမစိုက်ဘဲ မီးဖိုထဲဝင်သွားသော ကောင်လေးကို လိုက်ခေါ်နေရသည်။ ကျွန်တော် မီးဖိုခန်းထဲထိလိုက်သွားပြီး လက်ကောက်ဝတ်ကို ဆွဲထားလိုက်သည်။ သူကျွန်တော့်ကို စိတ်ရှုပ်နေတဲ့ပုံနဲ့ ပြန်မော့ကြည့်သည်။

"ဘာလဲ"

သူ့ရဲ့ အေးစက်စက်လေသံက ကျွန်တော့်နှလုံးသားတစ်ခုလုံးကို လေးလံသွားစေသည်။

"မင်း..မင်းသဘောမကျရင် လက်မခံလည်းရပါတယ်
ငါမင်းကို ဖိအားပေးနေတာမျိုးမဟုတ်ဘူး"

IMMUNE [Translation]Where stories live. Discover now