Part 25

224 15 2
                                    

Immune
Part 25

Kyungsoo ကားပြတင်းအပြင်ကိုငေးကြည့်ကာ သက်ပြင်းချလိုက်သည်။ Chanyeol က မနက်ဖြန်ဆို ခရီးသွားတော့မည်။ တစ်ပတ်ပဲကြာတယ်ဆိုပေမဲ့ သူ့စိတ်ထဲတစ်မျိုးဖြစ်နေသည်။ ရက်ပေါင်းများစွာကြာတော့မလိုခံစားရသည်။

အခု သူတို့အတူ Chanyeol မိဘတွေအိမ်ကို သွားနေတာဖြစ်သည်။ ချန်ယောလ် ဥရောပကိုသွားမည့်အချိန်တွင် သူ့အမေက နိုင်ငံခြားကနေပြန်ရောက်လာသည်။ အဲ့ဒီကိစ္စက Kyungsoo ကိုပိုပြီးစိတ်လှုပ်ရှားစေသည်။ Chanyeol ခရီးသွားတဲ့အခါ သူနှုတ်မဆက်ချင်ပေ။

ခြံဂိတ်ဝကိုကားဖြတ်သန်းလာပြီးနောက် Chanyeol က Kyungsoo ပခုံးပေါ် ခေါင်းမှီချလာပြီး သူ့ရဲ့လက်ကိုတော့ ဗိုက်လေးပေါ်တင်ထားသည်။

"မင်းဘာစဉ်းစားနေတာလဲ Chanyeol yah"

Kyungsoo က Chanyeol ရဲ့ ဆံပင်လေးတွေကို လက်နဲ့သပ်တင်ရင်းမေးလိုက်သည်။

"ကိုယ့်အမေကိုတွေ့ရင် မင်း..မလန့်..မလန့်သွားပါနဲ့"

"မင်းဘာပြောချင်တာလဲ"

Kyungsoo က နားမလည်နိုင်စွာကြည့်ရင်းပြန်မေးလိုက်သည်။ Chanyeol က သက်ပြင်းချရင်း ခုံမှာသေချာပြန်ထိုင်သည်။
သူ့လက်တွေကတော့ Kyungsoo ဗိုက်ပေါ်က ဖယ်မသွားသေးပေ။

"သူကနည်းနည်း...စိတ် ပုံမှန်မဟုတ်လို့"

Kyungsoo က အနည်းငယ်စိတ်သက်သာရာရအောင် ရယ်လိုက်ပြီးသူ့လက်တွေကို Chanyeol ကိုယ်နဲ့ထိတွေ့ထားလိုက်သည်။

"သူအခြေအနေမဆိုးဘူးဆိုတာ ငါသိပါတယ်"

"သူက မင်းလိုမျိုး လုံးလုံးအိအိ ချစ်စရာလေးတွေဆို သိပ်သဘောကျတာ"

"ငါ သူနဲ့အဆင်ပြေနိုင်မှာပါ"

Jongdae POV:

"Oh...အဲ့ဒါကြောင့် သူက မင်းရဲ့ အဖေတူ အမေကွဲ အစ်ကိုဖြစ်နေတာပေါ့"

Jongdae က Baekhyun ဆံပင်တွေကို သပ်ကစားရင်းပြောတော့ Baekhyun က ခေါင်းငြိမ့်ပြသည်။ Baekhyun နဲ့ Jongdae နှစ်ယောက်လုံး သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့မှာစိုးရိမ်သောကြောင့် Baekhyun က စောင်ကို ဆွဲဖယ်ပစ်လိုက်သည်။ သူတို့ ဒီလိုပုံစံနဲ့ အတူနေနေကြတာ နှစ်ပတ်တောင်ရှိနေပြီ။ Baekhyun က သူ့ကိုလာပြီးထိနေတဲ့ အဝတ်မပါတဲ့ခန္ဓာကိုယ်ကြောင့် လန့်သွားပြီး...

You've reached the end of published parts.

⏰ Last updated: Nov 28, 2022 ⏰

Add this story to your Library to get notified about new parts!

IMMUNE [Translation]Where stories live. Discover now