Part 10

163 33 1
                                    

Immune
Part 10

လျှို့ဝှက် ဗီရိုထဲမှာ ဝှက်ထားသည့် Marshmallow ထုတ်ကို Jongdae ဆွဲထုတ်လိုက်သည်။ အိပ်ခန်းထဲက ဆိုဖာမှာထိုင်လိုက်ပြီး Marshmallow အကြီးကြီးကို တစ်ကိုက်ကိုက်လိုက်ရင်း မျက်ရည်တွေကျလာသည်။

"နှစ်လ...နှစ်လတည်းပါ..."

သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်ရင်း ပါးပေါ်မှာ မျက်ရည်တွေပိုလို့ ဖြတ်စီးသွားသည်။
သူ့မျက်ရည်တွေကြောင့် ငံကျိကျိဖြစ်လာသော Marshmallow ကို အခန်းတွင်းတစ်နေရာစီ လွှင့်ပစ်လိုက်ပြီး ထိုင်ရာက ထမလို့လုပ်နေတုန်း အခန်းထဲကို တစ်ယောက်ယောက် ဝင်လာသည်။

"Dae..."

အသံကို မှတ်မိတာနဲ့ မျက်ရည်တွေကို အမြန်သုတ်ပစ်လိုက်ပြီး marshmallow ထုတ်ကို အိပ်ယာအောက်ထည့်ဖွက်လိုက်သည်။ ဒီလူက သူစိတ်ဖိစီးတိုင်း marshmallow စားတတ်တဲ့အကျင့်ကို သိထားသောသူဖြစ်သည်။

"အစ်ကို Taeyong"

"Dae...ဘာဖြစ်လို့လဲ
ကိုယ်ဘယ်သူ့ကို သွားဆုံးမပေးရမလဲ
Jongin လား.. Chanyeol လား...ဒါမှမဟုတ် Jongup လား"

နောက်ဆုံးနာမည်ကြားလိုက်တဲ့အချိန်မှာ Jongdae ငြိမ်သက်သွားသည်။

"အဲ့ဒီကောင်ပဲပေါ့..ဟုတ်တယ်မလား
ဒီတစ်ခေါက်ရော သူဘာလုပ်ပြန်ပြီလဲ"

"အစ်ကို...အဲ့ဒါက...များလွန်းတယ်"

Jongdae ရဲ့ပုံစံကိုကြည့်ပြီး Taeyong စိတ်မကောင်းဖြစ်သွားသည်။ Taeyong ကို အကြောင်းစုံပြောပြနေရင်း အိပ်ယာအောက်က Marshmallow ထုတ်ကို ပြန်ဆွဲထုတ်လိုက်သည်။ အဲ့ဒီလူက ဘယ်လောက် ချစ်စရာကောင်းကြောင်း၊ အပြစ်ကင်းစင်ကြောင်း၊ သူတို့အတူတူလုပ်ခဲ့ကြတဲ့အကြောင်းရာတွေ...အနမ်းတွေ....။

"Jongdae သူက ဖောက်ပြန်တယ်ဆိုတာ သေချာလို့လား
မင်း အမြင်မှားတာရော မဖြစ်နိုင်ဘူးလား"

Taeyong က သူကြားရတာတွေကို မယုံနိုင်သလိုမေးသည်။

"အစ်ကို ကျွန်တော်တွေ့ခဲ့တာ...သူ့ရဲ့လက်က အဲ့ဒီကောင်မလေးရဲ့ကိုယ်ပေါ်မှာ"

Jongdae က အဲ့ဒီမြင်ကွင်းကို ပြန်မြင်ယောင်ပြီး မှိုင်ကျသွားသည်။ Taeyong က Jongdae ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ရင်း...

IMMUNE [Translation]Where stories live. Discover now