Immune
Part 17Kyungsoo အိပ်ယာက နိုးလာပြီး ခေါင်းထောင်ကြည့်လိုက်သည်။ သူ့လက်တွေ ခြေတွေဆို ကိုက်ခဲနေတာပဲ။ ခန္ဓာကိုယ်အောက်ပိုင်းကတော့ ပြောနေစရာကို မလိုလောက်တော့။
သူ့ဘေးမှာအိပ်နေသည့် လူကောင်ကြီးကြီးကို ကြည့်လိုက်သည်။ Kyungsoo ရဲ့ အိပ်ယာအကြီးကြီးက သူနဲ့တော့ ပြည့်လျှံကျတော့မလိုကို ဖြစ်နေတော့တာပဲ။
သူနာရီကိုကြည့်ပြီး သမ်းဝေလိုက်သည်။ အချိန်က 3:12 a.m.
သူ့ကိုယ်ပေါ်မှာ လေးပင်စွာရှိနေတဲ့ လက်မောင်းတစ်ဖက်ကို ဖယ်ချလိုက်ပြီး အိပ်ယာပေါ်ကဆင်းကာ မတ်တပ်ရပ်လိုက်သည်။
နာကျင်မှုက တစ်ကိုယ်လုံးကို ဖြတ်စီးသွားသလို ခံစားရမှုကြောင့် သူပြန်ထိုင်ချလိုက်သည်။"Fuck..."
သူ ဆဲရေးလိုက်ရင်း ဘေးက စားပွဲကို အားယူကာ ထ လိုက်သည်။ သူမတ်တပ်ထရပ်ပြီးနောက် Chanyeol က လှုပ်ရှားလာသည်။ သူ မသိချင်ယောင်ဆောင်ပြီး မီးဖိုခန်းကိုထွက်ဖို့ ပြင်လိုက်သည်။ သူအခန်းတံခါးနားရောက်ခါနီးမှာပဲ Chanyeol အိပ်နေရင်း စကားပြောသည့်အသံကို ကြားလိုက်ရသည်။
သူ အိပ်ယာနားကို ပြန်တိုးသွားပြီး သေချာကြားရအောင် နားထောင်လိုက်မိခြင်းကို နောင်တရသွားသည်။"Kyungsoo-yah...မင်းက အရမ်းမိုက်တာပဲ"
Chanyeol ပြောနေတာကို ခဏရပ်လိုက်ပြီးနောက် အိပ်ယာပေါ်မှာ တစ်ချက် လူးလှိမ့်လိုက်သည်။
"ကိုယ် မင်းကို ချစ်တယ်"
Kyungsoo က Chanyeol ကို ကြောင်ကြည့်နေပြီးနောက် သူ ကျောခိုင်းလိုက်ပြီး တံခါးဆီကို အမြန်သွားလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သည်။ မီးဖိုခန်းထဲ အမြန်ဝင်လိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်သည်။ သူရင်တွေ အရမ်းခုန်နေတာပဲ။
သူမရည်ရွယ်ပါဘူး...သူတကယ်ပြောတာမဟုတ်ဘူး...ငါက သူ့အတွက် စိတ်ဆန္ဒတွေဖြေလျော့ဖို့ ပတ်သက်ရတဲ့ ပတ်သက်မှုမျိုးပဲ။ အဲ့လိုပဲဖြစ်မှာပါ။ ငါက သူ့ဘဝအတွက် အနှောက်အယှက်နဲ့ ပြဿနာပေးတဲ့သူမျိုးပဲဖြစ်ချင်ဖြစ်နေမှာ။