Part 21

152 24 2
                                    

Immune
Part 21

Kyungsoo က သူ့အဖေ သတိမထားမိခင်ဘဲ ဒေါ်လာ နှစ်သောင်းတန် အင်္ကျီလက်နဲ့ မျက်ရည်များကို သုတ်ပစ်လိုက်သည်။

"အ..အဖေ.."

သူ့အဖေကတော့ ဘာမှ အထူးအထွေကိစ္စမရှိသလို ပြုံးပြလာသည်။
Chanyeol ကတော့ Kyungsoo ရဲ့ အဖေပုံစံကို အံ့ဩနေပြီး နေရာမှာပဲ မလှုပ်မယှက် ရပ်နေမိဆဲဖြစ်သည်။

"မင်းရဲ့ စေ့စပ်ထားတဲ့ သူတို့သားလောင်းနဲ့တွေ့ပြီးနေပြီပဲ"

သူ့အဖေရဲ့အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ Chanyeol က Kyungsoo ကို ကြည့်လိုက်သည်။
သူ့မျက်နှာမှာ စိတ်ရှုပ်မှုတွေ အတိုင်းသားမြင်နေရမှာ သေချာသလို Kyungsoo ကလည်း စိတ်ရှုပ်နေပုံပေါ်သည်။

"ဘာ..ဘာကိုပြောချင်တာလဲ အဖေ..."

"Park Chanyeol, မင်းကိုထပ်တွေ့ရတာ ဝမ်းသာပါတယ်"

Kyungsoo အဖေက Chanyeol ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်လှမ်းပေးသည်။
Chanyeol ကကြောင်နေပြီး သူ့ကိုပြန်မော့ကြည့်တော့ သူက ရယ်ပြီး ဆက်ပြောသည်။

"ဟုတ်တယ် မင်းတို့က စေ့စပ်ထားတာ... မင်းအဖေ Park Jongsuk နဲ့ ငါနဲ့ မင်းတို့ကို လက်ထပ်ပေးဖို သဘောတူထားတယ်
Kyungsoo အသက် ၅ နှစ်ပြည့်ပြီးကတည်းကပေါ့
Park လုပ်ငန်းစုမှာလည်း လုပ်ငန်းတွေအများကြီးရှိတာဆိုတော့ လုပ်ငန်းတစ်ခုက ကျရှုံးသွားဖူးတယ်လေ"

Chanyeol မယုံနိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ဒါဆို..ကျွန်တော်က တစ်ချိန်လုံး Kyungsoo ကို သစ္စာဖောက်သလိုဖြစ်နေတာပေါ့"

Kyungsoo က Chanyeol ရဲ့ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းကြောင့် လက်ကိုဆွဲလှုပ်ပြီးသတိပေးနေသည်။
ဒါပေမဲ့ အံ့ဩစရာကောင်းစွာပဲ Do Myeonsoo က စိတ်မဆိုးတဲ့အပြင် ရယ်မောနေသေးသည်။

"အင်း အဲ့လိုတော့ ဖြစ်သွားတာပေါ့"

Chanyeol က Kyungsoo အဖေရဲ့ တုံ့ပြန်ပုံကြောင့် နေရခက်နေသည်။
လုံးဝကို မုန်းစရာ လူရိုင်းစိုင်းကြီးလို့ ထင်ခဲ့ပေမဲ့ အခုမြင်နေရတဲ့ပုံကတော့ ဆန့်ကျင်ဘက်ဖြစ်နေပြန်သည်။

IMMUNE [Translation]Where stories live. Discover now